အမြန်လမ်းမှာ ကားတစ်စီး လမ်းလယ်ကျွန်းကိုဝင်တိုက်မိတဲ့ မတော်တဆမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

ဇန်နဝါရီ ၂

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၉၀/၇) အနီးတွင် ယာဉ်(၁)စီး လမ်းလယ်ကျွန်းကို ဝင်ရောက်တိုက်မိသည့်ဖြစ်စဥ်တစ်ခု ယနေ့ ဇန်နဝါရီ ၂ ရက်၊ နေ့လည် ၂ နာရီ ၄၅ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဌာနချုပ်သတင်းအရ သိရသည်။

အဆိုပါယာဥ်ပေါ်တွင် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦး စုစုပေါင်း (၄) ဦးလိုက်ပါလာခဲ့ရာ အမျိုးသမီး(၁)ဦးမှာ သေဆုံးသွားခဲ့ပြီး အမျိုးသား (၂) ဦးနှင့် အမျိုးသမီး (၁) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ငဖြင့် ပြည်သာယာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့သည်ဟုဆိုသည်။

ဖြစ်စဥ်ဖြစ်ပွားရာနေရာသို့ သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

#centralnewsnaypyitaw

image