27 w - Translate

ပြည်တွင်းဖြစ်ဂိမ်းစက်ကို ရုရှား တီထွင်နေ
--------------------
အနောက်တိုင်းနည်းပညာအပေါ် မှီခိုအားထားမှု လျှော့ချနိုင်ဖို့အတွက် တရုတ်အကူအညီနဲ့ ပြည်တွင်းဖြစ် ဂိမ်းစက်ကို ရုရှားတီထွင်နေတယ်လို့ Firstpost သတင်းမှာ ရေးသားထားပါတယ်။ အဲဒီဂိမ်းစက်တီထွင်မှုအတွင်း ပြည်တွင်းမှာ ဒီဇိုင်းထုတ်ထားတဲ့ ချစ်ပ်ပြားကို အသုံးပြုမှာဖြစ်ပြီး ရုရှားနိုင်ငံထုတ် Aurora ဒါမှမဟုတ် Alt Linux ပေါ်မှာ လုပ်ဆောင်မှာဖြစ်တယ်လို့ ရုရှားအဆင့်မြင့်အရာရှိတစ်ယောက်က ပြောကြားထားပါတယ်။

ရုရှားအနေနဲ့ ကိုယ်ပိုင်ဂိမ်းစက် တည်ဆောက်နေပေမဲ့လည်း တကယ့်လက်တွေ့မှာတော့ သိသိသာသာ အတား အဆီးတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဂိမ်းအတွင်းမှာပါဝင်မယ့် Elbrus ပရိုဆက်ဆာက ဝန်ဆောင်မှုပေးနိုင်ပေမယ့် ခေတ်မီတဲ့ ကမ္ဘာလုံးဆိုင်ရာ ဟာ့ဒ်ဝဲတွေနဲ့ မယှဉ်နိုင်တာကြောင့် အခက်အခဲများစွာ ကြုံတွေ့ရနေတယ်လို့ သိရပါ တယ်။ Elbrus ပရိုဆက်ဆာက ကာကွယ်ရေးနဲ့ အခြေခံအဆောက်အအုံအတွက် အဓိက အသုံးပြုထားတာကြောင့် Intel ၊ AMD ဒါမှမဟုတ် Arm ကုမ္ပဏီတွေက ထုတ်လုပ်ထားတဲ့ ပရိုဆက်ဆာတွေနဲ့တော့ စွမ်းဆောင်မှုပိုင်းမှာ ကွာခြားလွန်းနေပါသေးတယ်။

image