Part_11
မောင်သာနိုးဘာသာပြန်တဲ့ ဘောင်းဘီဝတ်မိုးတိမ်
စလိုမီဟာ အမိဖြစ်သူ ဟေရောဒိဆီသွားပြီး ဘာဆုကိုတောင်းရမလဲ မ တော်လို့ မေးတော့ ဗတ္တိဇံဆရာ ရှင်ယောဟန်ရဲ့ခေါင်းကိုဖြတ်ပြီး ပေးသနားပါလို့ တောင်း၊ အဲဒီလို သင်ကြားလိုက်တယ်။
ဟေရုဒ်မင်းလည်း မနေသာတော့ဘဲ လက်မရွံ့ တွေခေါ်ပြီး ရှင်ယောဟန် င်းကို ဖြတ်ခိုင်းရတော့တယ်။ စလိုမီဟာ ဆုအဖြစ်ရတဲ့ ဒီခေါင်းပြတ်ကြီးကို သတ်ပြီး ကတော့တာပါပဲ။
*’A thousand times will the sun- Herod's daughter- dance round the globe- the Baptist's head.'
(ဒါရီယန်ရော့တင်ဘက်ရဲ့ မူ)
'အကြိမ်တစ်ထောင်မျှ ဟဲရုဒ်ရဲ့သမီး နေက
ဗတ္တိဇံဆရာရဲ့ ဦးခေါင်း
ကမ္ဘာမြေကို ဝိုင်းပတ် ကလိမ့်မဘွဲ့' (မောင်သာနိုး ပူ)
*'As the sun round the earth,
dances Salome,
endlessly
circling
the head of the Baptist.'
(ဟားဘတ်မာရှယ်ရဲ့ ပူ)
'နေ ကမ္ဘာပတ်သလို စလိုရီဟာ
ဗတ္တိဇံဆရာရဲ့ ဦးခေါင်းကို
ဝိုင်းပတ်ကာ
အဆုံးမဲ့ ကလိမ့်မကွေ့
လို့ ဟားဘတ်မာရှယ်မူက အဓိပ္ပာယ်ရပါတယ်။
လိုရင်းပြောချင်တာကတော့ “ဟေရုဒ် သမီး'ဆိုတဲ့ စကားအစား ‘ဟေရောဒိ ရဲ့သမီး’(Herodias daughter) ဆိုတဲ့ စကားလုံးက ပိုပြီး အသင့်လျော်ဆုံး၊ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
မောင်သာနိုးဟာ ‘ဘောင်းဘီဝတ် မိုးတိမ် ́ကို ရုရှားက တိုက်ရိုက်ပြန်တယ်။ ညှိနှိုင်းဖို့ လက်ရင်းအထားဆုံးက ဟားဘတ်မာရှယ်ရဲ့ မူ။ သူ မြန်မာဘာသာပြန်ကို တခြားမူတွေနဲ့ ယှဉ်ညှိကြည့်တဲ့အခါ ဟားဘတ်မာရှယ် မူကို ‘တစ်လျှောက်လုံး’ လိုက်ခဲ့တာ များတယ်။
#ဆက်ရန်ရှိ