20 w - Translate

China air force
လက်နက်အသစ်အဆန်းတွေ အပြိုင်အဆိုင်ထုတ်ပြီး စမ်းသပ်ဘို့ စစ်ပွဲတွေဖန်တီးကြ...ကြားထဲက မြေစာပင်တွေကတော့ မငြိမ်သက်တဲ့ တိုင်းပြည်တွေပေါ့

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ချန်ဒူးမြို့မှာ ရေဒါဖမ်းယူရ ခက်ခဲတဲ့ ထူးခြားတဲ့စစ်လေယာဉ် နှစ်စီးကို တွေ့မြင်ခဲ့ကြောင်း မျက်မြင်ရုပ်သံဗီဒီယိုတွေ ထွက်ပေါ်လာပါတယ်။
လေယာဉ်နှစ်စီးစလုံးမှာ အမြီးပိုင်း မပါရှိဘဲ၊ ပိုကြီးတဲ့လေယာဉ်က စိန်ပုံသဏ္ဌာန်ဆန်ပြီး၊ သေးတဲ့လေယာဉ်ကတော့ ပုံမှန်ဒီဇိုင်းနဲ့ ပိုတူပါတယ်။ နှစ်စီးစလုံးမှာ ရေဒါဖမ်းယူရခက်ခဲတဲ့ Stealth လေယာဉ်တွေရဲ့ ထူးခြားချက်ဖြစ်တဲ့ ထောင့်မှန်ပုံသဏ္ဌာန်တွေ မပါရှိပါဘူး။
ရိုက်တာသတင်းဌာနက အနီးအနားက အဆောက်အအုံတွေ၊ ဆိုင်းဘုတ်တွေ၊ လိုဂိုတွေနဲ့ သစ်ပင်တွေကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးရာ တည်နေရာမှန်ကန်ကြောင်း အတည်ပြုနိုင်ခဲ့ပေမယ့် ရိုက်ကူးခဲ့တဲ့ရက်စွဲကိုတော့ အတည်မပြုနိုင်ခဲ့ပါဘူး။
Video credit