ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် အသက် ၂၀ ကျော် လူငယ်များအပါအဝင် မြန်မာနိုင်ငံသား ၁၀၇ ဦး အဖမ်းခံရ

ဇန်နဝါရီ ၂

ထိုင်းနိုင်ငံသို့ ခိုးဝင်သည့် အသက် ၂၀ ကျော် လူငယ်များအပါအဝင် မြန်မာနိုင်ငံသား ၁၀၇ ဦး ဒီဇင်ဘာ ၃၁ ရက် နံနက်က အဖမ်းခံရကြောင်း ထိုင်းဒေသတွင်းသတင်းများအရ သိရသည်။

ယင်းတို့မှာ ထိုင်းနိုင်ငံ၌အလုပ်လုပ်ရန်ဆိုကာ တရားမဝင်သွားရောက်ကြသူများဖြစ်ကြောင်း အဆိုပါသတင်းများက ဖော်ပြကြသည်။

ကန်ချနဘူရီခရိုင်၊ ထောင်ဖာဖှုန်မြို့ နယ်၊ ဟွေ့ခယိန်ကျေးရွာ ဖယ်အောင့်စွတ်လှေဂိတ်အနီး တရားမဝင် မြန်မာနိုင်ငံသားများ ရောက်နေကြောင်း သတင်းအရ ထိုင်းရဲတပ်ဖွဲ့ဝင်များပါသည့် ပူးပေါင်းအဖွဲ့က သတင်းအရ သွားရောက်စစ်ဆေးစဉ် တရားမဝင် မြန်မာနိုင်ငံသားများ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းမိသူများ စစ်ဆေးစဉ် ၎င်းတို့ကို လမ်းပြခေါ်ဆောင်လာသော ထိုင်းနိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယခုအခါ ဖမ်းဆီးရမိသူများအား ထောင်ဖာဖှုန်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ လ.ဝ.က ဥပဒေအရ အရေးယူ၍ လုပ်ထုံးလုပ်နည်းအတိုင်း အပြစ်ပေးပြီးနယ်စပ်ကတစ်ဆင့် မြန်မာနိုင်ငံသို့ နှစ်နိုင်ငံအစိုးရချင်းချိတ်ဆက်ကာ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage