ရန်ကုန် - မန္တလေးအမြန်လမ်းမှာဘုရားဖူးexpressတိမ်းမှောက်လို့ တယောက်သေ၊ ၃၄ယောက်ဒဏ်ရာရ

ဇန်နဝါရီ ၂

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၇/၀)နဲ့(၁၁၇/၁)ကြားမှာ ဇန်နဝါရီလ ၁ ရက်နေ့ ၊နေ့လယ် ၃ နာရီကျော်လောက်မှာ Yutong Express ကား တိမ်းမှောက်ပြီး တယောက်သေကာ ၃၄ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါ Express ကားက ဘုရားဖူးကားဖြစ်ပြီး နေပြည်တော်ကနေ ရန်ကုန်ကိုသွားတဲ့ကားဖြစ်တယ်လို့သိရပါတယ်။

" ကားမှောက်တာမှန်ပါတယ်။ထိခိုက်ဒဏ်ရာရကလည်းမီးသတ်ကထုတ်တဲ့အတိုင်းပဲ။ကားကဘုရားဖူးကားလို့သိရတယ်။" လို့ဖြူး အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။

အဆိုပါ express ကားပေါ်မှာ ယောကျ်ားလေး ၁၁ ယောက်နဲ့မိန်းကလေး ၃၄ ယောက်လိုက်ပါလာတာဖြစ်ကြောင်း၊ အဲဒီထဲကမှ ယောကျ်ားလေးအားလုံးနဲ့မိန်းကလေး၂၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိန်းကလေးတယောက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာထိခိုက်ဒဏ်ရာရရှိသူတွေအားလုံးနဲ့သေဆုံးသူကို ဖြူးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

ဒီဇင်ဘာလ ၂၁ ရက်ကလည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၃/၂)နဒ့ (၇၃/၃) အကြားမှာကားတစီး ယာဉ်(၁)စီး ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ သစ်ပင်ကို တိုက်မိမှုဖြစ်ပွားကာ မိန်းကလေးတယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ လကနေ အောက်တိုဘာလအထိဆယ်လတာကာလအတွင်းမှာဆိုရင် ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ယာဥ်တိုက်မှုပေါင်း ၃၂၃၄ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image