25 w - Translate

အမြန်လမ်းတွင် Expressယာဥ်တိမ်းမှောက်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် (၁၁၇/၀)နဲ့ (၁၁၇/၁)ကြားမှာ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ၁ရက်၊ မနက်၃နာရီခွဲခန့်က Expressယာဉ်တစ်စီးတိမ်းမှောက်ပြီး ခရီးသည်အမျိုးသမီးတစ်ယောက်သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကို ၁၁၅မိုင် အမြန်လမ်းမီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီဖြစ်စဉ်ကြောင့် ယာဉ်ပေါ်မှာပါတဲ့ ခရီးသည်၄၅ယောက်ထဲက အမျိုးသမီးတစ်ယောက်သေဆုံးပြီး ၃၄ယောက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေကို ဖြူးပြည်သူ့ဆေးရုံကို ပို့‌ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

image