အင်းစိန်မြို့နယ်တွင် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော် ပြုလုပ်မည်
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့် မဟာဆေးဝင်္ကဘာ ကျောင်းတိုက်ရှေ့တွင် လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ်အဖြစ် ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။
ပျော်ပွဲရွှင်ပွဲနှင့် ဈေးရောင်းပွဲတော်ကို လာမည့် ဇန်နဝါရီလ (၇) ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး (၅)ရက် တိုင်အောင် ကျင်းပသွားရန် စီစဉ်ထားကြောင်းလည်း သိရသည်။
ယင်းပျော်ပွဲရွှင်ပွဲတွင် ဆိုင်ပေါင်း (၂၇၀) ခန့်ပါဝင်မည် ဖြစ်ပြီး အင်းစိန်ပန်းခြံထိပ် မီးပွိုင့်မှ လမ်းတလျှောက် ဆိုင်များခင်းကျင်းမည်ဖြစ်သည်ဟု ဆိုသည်။
အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့် မဟာဆေးဝင်္ကဘာကျောင်းတိုက်အတွင်း ကရင်နှစ်သစ်ကူးပွဲ အခမ်းအနားများ မကျင်းပဖြစ်သေးသော်လည်း စေတီပုထိုး၊ ရုပ်ပွားတော်များ၊ အဆောက်အဦအချို့လည်း ယိုယွင်းနေသည့်အတွက် အကြီးစားပြန်လည် ပြင်ဆင်မှုများ လုပ်ဆောင်ရန် စီစဉ်ထားကြကြောင်း သိရသည်။
