#ငါးခူစဥ်းကော
""""""""""""""""""""""""""
👩🍳 အိမ်ရှင်မတို့အတွက် မထူးဆန်းတဲ့ဟင်းတခွက်ဆိုသော်လည်း မသိသေးတဲ့ ခုမှမီးဖိုထဲဝင်ပြီးစမ်းချက်ကြမယ့်သူတွေအတွက်နော်😋
🔸🔹ပါဝင်ပစ္စည်းများ🔹🔸
"""""""""""""""""""""""""""""""""""""""""""""""
▪️ငါးခူ ---- ၃၀ သား
▪️ကြက်သွန်ဖြူ ---- ၃ လုံး
▪️ကြက်သွန်နီ ---- ၅ လုံး
▪️ဂျင်း ---- လက်တဆစ်ခန့်
▪️နနွင်းမှုန့် ---- အနည်းငယ်
▪️ဆီ ---- စားပွဲတင်ဇွန်း ၅ ဇွန်း
▪️ငရုတ်သီး အပွတောင့် ---- ၆ တောင့်ခန့်
▪️ဆား ---- အနည်းငယ်
▪️ငရုပ်ကောင်း ---- ၃စေ့
▪️အသားမှုန့် ---- အနည်းငယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
👩🍳 ချက်ပြုတ်နည်း 👩🍳
"""""""""""""""""""""""""""""""""""""
1️⃣ ငါးခူကို အသားချည်းပဲရအောင် အရိုးများထုတ်ပါ။
2️⃣ ငါးအသားများကို အသားမှုန့်၊ဆား၊နနွင်း၊ငရုတ်ကောင်းများဖြင့် နယ်နှပ်ထားပါ။သံပရာသီး ညှစ်ထည့်ထားရင် ပိုကောင်းမွန်ပါတယ်။
3️⃣ ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ဂျင်း၊ငရုတ်သီးတောင့်တို့ကို ညက်အောင်ထောင်းပြီး ဆီကျက်ကျက်ထဲ ထည့်ပြီး ဆီသတ်ပါ။
4️⃣ ပြီးရင် နယ်နှပ်ထားသော ငါးခူအသားများ ထည့်ပြီး ရေငါးကျက်ရုံအနည်းငယ် ထည့်ကာ တင်ထားပါ။
5️⃣ အရသာအနေတော်မတော်မြည်း၍စိတ်ကြိုက်ပြင်ဆင်ထည့်ပါ။ ဆီပြန်လာရင် ပင်စိမ်း (သို့မဟုတ် ) နံနံပင်လေးအုပ်ချင်လည်းရပါတယ်။
👩🍳 အကုန်ပြီးပြီဆိုရင်တော့ အိမ်ချက်လက်ရာ ငါးခူစဉ်းကောဆီပြန်ဟင်းလေးတခွက်ကို သုံးဆောင်နိုင်ပါပြီနော် 🤤
#credit
#ငါးခူ #ငါးခူးစဉ်းကောဆီပြန်
#cooking #fish #ငါးစဉ်းကော
#ချက်ပြုတ်နည်း #ဟင်းချက်နည်းများ
