ဒီဇင်ဘာလတွင် အောင်ဘာလေထီရောင်းအား ကျပ်သန်းတစ်ထောင်ကျော်တိုး
အခုဒီဇင်ဘာလမှာ အောင်ဘာလေထီစာအုပ် (၆၅၄၅၄၄)အုပ် ရောင်းချနိုင်ခဲ့ပြီး ရောင်းရငွေ ကျပ်သန်းပေါင်း ၆၅၄၅ဒသမ၄၄၀သန်း ရှိတဲ့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလကထက် ထီရောင်းရငွေ ကျပ်သန်းတစ်ထောင်ကျော်တိုးလာတယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက အောင်ဘာလေထီရောင်းရငွေ ကျပ်သန်းပေါင်း ၅၅၂၂ဒသမ၇၆၀သန်းရှိခဲ့တာကြောင့် အခုဒီဇင်ဘာလမှာ ရောင်းရငွေ ကျပ်သန်းပေါင်း ၁၀၂၂ဒသမ၆၈သန်း တိုးလာတာဖြစ်ပါတယ်။
၂၀၂၅ခုနှစ်၊ ဇန်နဝါရီ၁ရက်မှာဖွင့်လှစ်မဲ့ အကြိမ်(၇၀)မြောက် ကျပ်၁၀၀၀တန် အောင်ဘာလေသိန်းဆုထီဖွင့်ပွဲမှာ ထီလက်မှတ်ရောင်းရငွေရဲ့ ၇၀ရာခိုင်နှုန်းဖြစ်တဲ့ ကျပ်သန်းပေါင်း ၄၅၈၁ဒသမ၈၀၈သန်းကို ထီဆုငွေအဖြစ် ပြန်လည်ချီးမြှင့်သွားမှာဖြစ်ပြီး ဆုကြီးတွေအနေနဲ့ ကျပ်သိန်း၅၀၀၀ ၁ဆု၊ ကျပ်သိန်း၂၀၀၀ ၁ဆု၊ ကျပ်သိန်း၁၀၀၀ ၁ဆု အပါအဝင် ဆုမဲပေါင်း ၁၃၆၈၉၆ဆုကို ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။
ဒါ့အပြင် ဘဏ္ဍာသိမ်းရငွေ ကျပ်သန်း၂၅၀ကိုလည်း ထီဆုငွေအဖြစ် ပြန်လည်ချီးမြှင့်သွားမှာဖြစ်ပြီး ဆုမဲတွေအနေနဲ့ ကျပ်၁၀သိန်းဆု ၄ဆုအပါဝင် ဆုမဲပေါင်း ၂၂၂၄ဆု ထည့်သွင်းဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
