တောင်ကိုရီးယားသမ္မတကို ဖမ်းဝရမ်းထုတ်ဖို့ တရားရုံးအတည်ပြု

ဒီဇင်ဘာ ၃၁

တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုးလ်ကို ဖမ်းဝရမ်းထုတ်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ လျှောက်ထားလာမှုကို ဆိုးလ်မြို့ အနောက်ပိုင်းခရိုင်တရာရုံးက အတည်ပြုလိုက်ပြီလို့ သိရပါတယ်။

အဲဒီလိုဖမ်းဝရမ်းထုတ်ပေးဖို့အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့က တောင်ကိုရီးယား တရားရုံးကို ဒီဇင်ဘာလ ၃၀ ရက်နေ့က လျှောက်ထားခဲ့တာဖြစ်ပြီး အာဏာအလွဲသုံးစားပြုမှု၊ နိုင်ငံတော်ပုန်ကန်မှုတွေကြောင့် အခုလို ဖမ်းဆီးမိန့် တောင်းခံလိုက်တာပါ။

ယခုလို သမ္မတတစ်ဦးကို ဖမ်းဝရမ်းထုတ်လိုက်တာဟာ တောင်ကိုရီးယားနိုင်ငံမှာ ပထမဆုံးဖြစ်တယ်လို့ ပြည်တွင်းမီဒီယာတွေက ဖော်ပြထားကြပြီး သမ္မတယွန်းဆော့ယိုးလ်ရဲ့ရှေ့နေ ယွန်ကပ်ပ်ကျွန်းကတော့ ဖမ်းဆီးမိန့် တောင်းခံတာက မခိုင်လုံတဲ့အပြင် ဖမ်းဝရမ်းတွေက တရားမဝင်သလို အကျုံးမဝင်ဘူးလို့လည်း ပြောကြားထားတယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image