20 ပတ် - ဘာသာပြန်ပါ။

မာရေးနှင့် လက်တွဲ အလုပ်ရသည်မှာ အဆင်ပြေဟု ဂျိုကိုဗစ်ပြော
...............
ဗြိတိန် အဆင့် ၁ တင်းနစ်အားကစား ဖြစ်ခဲ့ဖူးတဲ့ အင်ဒီမာရေးနဲ့ အတူလက်တွဲ အလုပ်လုပ်ရတာက စိတ်ကျေနပ်စရာကောင်းတယ်လို့ ဆားဘီးယားတင်းနစ်သမား ဂျိုကိုဗစ်က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကမှ ကစားသမားဘဝကနေ အနားယူထားတဲ့ မာရေးကို နည်းပြသစ်အဖြစ် ဂျိုကိုဗစ်က ခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။ ဂျိုကိုဗစ်ဟာ လာမယ့်တစ်ပတ်ထဲ ကျင်းပမယ့် ဘရစ္စဘိန်း နိုင်ငံတကာ ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ပြင်ဆင်နေပါတယ်။ အင်ဒီမားရေးက ကစားသမားဘဝကနေ အနားယူ ထားတာမကြာသေးတဲ့ အတွက် လက်ရှိတင်း‌နစ်ကစားသမားတွေရဲ့ အားသာချက် အားနည်းချက်တွေကို သိတာကြောင့် ပြိုင်ပွဲအတွက်ပြင်ဆင်ရာမှာ ပိုပြီး ပြည့်စုံစေပါတယ်လို့ ဂျိုကိုဗစ်က ပြောသွားခဲ့ပါတယ်။ ဂျိုကိုဗစ်ဟာ အခုနှစ် တင်းနစ်ရာသီမှာ စွမ်းဆောင်ရည်ကျဆင်းခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ၇ အထိ ရောက်သွားခဲ့ပြီး လာမယ့် တင်းနစ်ရာသီ မှာတော့ နိုင်ပွဲတွေနဲ့အတူ ကမ္ဘာ့အဆင့်မှာ ပြန်လည် တိုးတက်လာဖို့ကို မျှော်လင့်နေတာဖြစ်ပါတယ်။ ဘရစ္စဘိန်း ပြိုင်ပွဲ ၃၂ ဦး အဆင့်ပွဲအဖြစ် ဂျိုကိုဗစ်ဟာ ဩစတြေးလျ နိုင်ငံသား ဟီဂျီကာတာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

image