20 w - Translate

တောင်ကိုရီးယား လေယာဉ်ပျက်ကျမှု သေဆုံးသူ ၁၇၀ ကျော်ရှိပြီး ၂ ဦးသာ အသက်ရှင်
.........

တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်း မူအန်လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသူဦးရေဟာ ၁၇၇ ဦးအထိ ရှိလာပြီး အသက်ရှင်ကျန်သူ ၂ ဦးသာ ရှိတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ပျံသန်းလာတဲ့ Jeju လေကြောင်းလိုင်းရဲ့ ဘိုးရင်း 737-800 လေယာဉ်မှာ လူဦးရေ ၁၈၁ ယောက်အထိ လိုက်ပါလာပြီး လက်ရှိမှာ လူ ၂ ဦးဟာ ပျောက်ဆုံးနေဆဲဖြစ်ပေမယ့် ပျက်စီးမှု အခြေအနေအရ အသက်ရှင်လျှက် ပြန်တွေ့ရဖို့ မလွယ်ဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အသက်ရှင်ကျန်သူ လေယာဉ်အမှုထမ်းနှစ်ဦးကိုတော့ လေယာဉ်အမြီးပိုင်းကနေ ရှာဖွေကယ်ဆယ်နိုင်ခဲ့တာဖြစ်ပြီး ဆေးရုံကို ပို့ဆောင်ထားပါတယ်။
လေယာဉ်ရဲ့ Black Box နှစ်ခုလုံးကိုလည်း ရှာဖွေတွေ့ရှိထားပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပါတယ်။
လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကတော့ ငှက်နဲ့ တိုက်မိပြီး ဆင်းသက်တဲ့ဂီယာ ချွတ်ယွင်းသွားတယ်လို့ သိထားရပါတယ်။
Jeju လေကြောင်းလိုင်းရဲ့ CEO ဖြစ်သူကတော့ ဒီမတော်တဆမှုမတိုင်ခင်က လေယာဉ်မှာ ဘာပြဿနာမှ မရှိခဲ့ကြောင်းနဲ့ သေဆုံးခဲ့ရသူတွေအတွက် အလေးအနက်ဝမ်းနည်းကြောင်း ပြောပါတယ်။
တောင်ကိုရီးယား အမိမြေဝန်ကြီးဌာနကတော့ ဒီလေယာဉ်မှာ ဘယ်အစိတ်အပိုင်းတွေ ချွတ်ယွင်းမှု ရှိလဲဆိုတာ လေယာဉ်အစိတ်အပိုင်း ထုတ်လုပ်တဲ့ နေရာတွေအထိ လိုက်လံစုံစမ်းမှာ ဖြစ်ပြီး ဒီစုံစမ်းစစ်ဆေးမှုက ၆ လကနေ ၃ နှစ်အထိ ကြာနိုင်တယ်လို့ ပြောပါတယ်။
တောင်ကိုရီးယားမှာ ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှုအတွင်း လူပေါင်း ၂၂၈ ဦး သေဆုံးခဲ့ပြီး ဒီနေ့ဖြစ်တဲ့ ဖြစ်စဉ်ဟာ ၁၉၉၇ နောက်ပိုင်း အဆိုးရွားဆုံး လေယာဉ်ပျက်ကျမှု ဖြစ်လာပါတယ်။

image