20 w - Translate

ရာသီစာလေးပေါ့
တမူးဘက်မှာ “ ပေါင်းတင်း “လို့ ခေါ်ပြီး အောက်ပြေရောက်တော့ ကောက်ညှင်းကျည်တောက်တဲ့။ကောက်ညှင်းကို ဝါးကျည်တောက်ထဲထည့်လို့ခေါ်တယ်ထင်ပါရဲ့။
တမူးဘက်မှာကြတော့ ဝါးဆစ်အရှည်ကိုသုံးတာ။ တင်းဝါးလို့ခေါ်တဲ့ ဝါး ကိုသုံးတာ။ အဲ့ဒီဝါးမျိုးသုံးပီး ပေါင်းတင်းဖုတ်မှ ဝါးနံ့မွှေးပီး ကျည်တောက်ထဲက အကာ အလွှာပါးလေးက ထူတာ။
တခြားဝါးသုံးရင် အနံ့မသင်းဘူး။ အလွှာပါးတော့ အဆင်မပြေဘူး။ တင်းဝါးမဟုတ်ရင် အနံ့သင်းရမယ့်အစား အနံ့ပြင်းပီး စားချင်စိတ်ပျောက်။
ပေါင်းတင်းမီးဖုတ်ဆိုရင် အိမ်မှာလုပ်ကြတာများတယ်။ ကျနော့အိမ်မှာတော့ ကျနော်ကိုယ်တိုင် ဖုတ်တာ။
ကောက်ညှင်းဆန်ကို ည၈ နာရီလောက်မှာ ၃-၄ ရေ သေချာဆေးပီးရင် တစ်ညလုံးစိမ်ထားလိုက်တယ်။ ည သိပ်။
မနက် ၄ နာရီထ။ ကောက်ညှင်းဆန်တွေ တင်းဝါးထဲ အစာသွပ်။ အဲ့လို့ အစာသွပ်ရင်ကြပ်နေအောင် သွပ်ရတာဆိုတော့ တင်းဝါးကိုလက်နဲ့ကိုင်ပီး မြေပေါ် “ဆောင့်” ပေးရသေးတယ်။
အဲ့ဒီအသံက မနက်လေးနာရီအချိန်မှာ နည်းနည်းတော့ ကျယ်တယ်။ ကိစ္စမရှိ။ အလုပ် လုပ်နေဘီလို့ အသိပေးတာနဲ့ အတူတူဘဲ။
မီးဖိုထားရတယ်။ ထင်းမီးပေါ့လေ။ မီးကောင်းတဲ့အထိစောင့်ရသေးတယ်။ ပီးရင် တိုင်နှစ်တိုင်ထူ။ ဟိုဘက်-ဒီဘက်တန်းပစ်ပီးတင်။ အဲ့ဒီတန်းပေါ် အစာသွပ်ထားတဲ့ တင်းဝါးတွေစီပီး စောင်းစောင်းလေးမှေးပီးတင်ရတယ်။
အောက်က မီးတောက် မီးခဲညီအောင် စောင့်ရတယ်။ ဝါးလုံးအစိမ်းကို မီးဟပ်တဲ့အခါ မီးလောင်ပီး တစီစီ အသံထွက်။ တင်းဝါး အဝကို ငှက်ပျော်ရွက်နဲ့ ပိတ်ထားပေမယ့် အငွေ့တွေ တစီစီထွက်ပေါ့လေ။
တင်းဝါးအကာသားကို မီးကျွမ်းအောင်ဖုတ်ပီး ကင်ပီးရင်တော့ အတွင်းကကောက်ညှင်း ကျက်လောက်တယ်ပေါ့။ အချိန်အဆတော့ လုပ်ရတယ်။ အလေ့ကျင့်လိုတယ်။
ကျနော်ကတော့ ပေါင်းတင်းဖုတ်ရင် ၂ နေရာလောက်မီးတူးအောင် ဖုတ်တယ်။ ဂျိုးစားချင်လို့။ ကျက်ပီဆိုရင် အခွံနွာရသေးတယ်။ တင်းဝါးပေါ်က မီးသွေးခဲတွေ ဓါးနဲ့ ခြစ်ချ၊ နှီးဖျင်သလို တစ်လွှာခြင်း လွှာ။
အဲ့လိုလွှာလိုက်ရင် အပူပေးပီးမီးဖုတ်ထားတဲ့ တင်းဝါး အသားက အဖြူရောင်ဖြစ်နေရော။ နှီးသားပါးပါးလေး ကျန်တဲ့အထိ လွှာပစ်ရတယ်။
ပီးရင် စက္ကူခွါသလို လွယ်သွားရော။ ကောက်ညှင်းကို အချောင်းလိုက်ရတယ်ပေါ့။
အဲ့ဒါ ဆမိတ် နှင့် ငရုပ်သီးနှိုင်းခြင်းရောထားတဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်နဲ့ “ လွေး “ရတာဘဲ။
တမူးဘက်မှာက ဆောင်းတွင်းဆို စားတော်ပဲ အစိမ်းတွေရပြီ။
ကျနော်က ပေါင်းတင်းဖုတ်ရင် စားတော်ပဲအစိမ်းထည့်ဖုတ်တယ်။ ဘယ်အချိန်ထည့်လဲဆိုတော့ မနက်ကျမှ ညလုံးပေါက် ရေစိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ရေစစ်ပီး စားတော်ပဲစိမ်းနဲ့ ရောလိုက်တာ။ ရောပီးမှ အစာသွပ်တာ။
ပေါင်းတင်း မစားရတာကြာဘီ။ စားတော်ပဲ ပေ့င်းတင်းဆို အနှစ် (၃၀) လောက်ကြာပေါ့။ တခြားနေရာမှာ စားတော်ပဲစိမ်းထည့်တာလည်း မတွေ့ဖူးဘူး။
ထိုင်းမှာတော့ စားရတာအဆင်မပြေ။
ခင်ဗျားတို့ရော ဘယ်လိုခေါ်သတုန်း ?
ကောက်ညှင်းကျည်တောက်လား ?
ပေါင်းတင်းလား ?
ပဲစိမ်းရော ထည့်ကြသလား ?
ဘာနဲ့ တို့စားလဲ ?
Credit

image