အမှိုက်ပုံးထဲတွင် စွန့်ပစ်သေဆုံးနေသည့် မွေးကင်းစကလေးငယ်တွေ့ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တာမွေကြီး( ခ) ရပ်ကွက်၊ သမိန်ဗရမ်းလမ်း၊ တာမွေပလာဇာရှေ့ရှိ အမှိုက်ပုံးထဲတွင် စွန့်ပစ်သေဆုံးနေသည့် မွေးကင်းစကလေးငယ်၏ ရုပ်အလောင်းတွေ့ရှိခဲ့သည်။


ဒီဇင်ဘာလ ၁၄ ရက် ညခင်းအချိန်တွင် စည်ပင်ကားမှာ အမှိုက်များသိမ်းယူချိန် သေဆုံးနေသည့် မွေးကင်းစကလေးငယ်ကို အမှိုက်ပုံးထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။


"အမှိုက်သိမ်းတဲ့သူတွေ တွေ့တာ။ ကလေးကချက်ကြိုး တန်းလန်းနဲ့ " လို့ မြန်မာမွတ်စလင်မ် ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ထိုချက်ကြိုးတန်းလန်းဖြင့် စွန့်ပစ်သေဆုံးနေသည့်
ကလေးငယ်မှာ မိန်းကလေးဖြစ်ကြောင်း ရုပ်အလောင်းကို သင်္ဃန်းကျွန်းစံပြဆေးရုံ ရေခဲတိုက်ထဲသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo -Credit

#centralnewsnaypyitaw

image