ပန်းရောင်ကတ်(ဘတ်)စာရင်း ဒီဇင်ဘာ ၁၆ ရက် စဖွင့်မယ်လို့ မြန်မာသံရုံးကြေညာ
ဒီဇင်ဘာ ၁၅
တရားမဝင်မြန်မာရွှေ့ပြောင်းတွေ ထိုင်းနိုင်ငံတွင်း ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ်ဖြစ်တဲ့ ပန်းရောင်ကတ် (ဘတ်)လျှောက်ထားဖို့ နာမည်စာရင်းပေးသွင်းတာကို ဒီဇင်ဘာ ၁၆ ရက်မှာ ထိုင်း အလုပ်အကိုင်ဦးစီးဌာနက စဖွင့်ပေးတော့မယ်လို့ ဘန်ကောက်မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၁၆ ကနေ ၃၀ အထိ ၁၅ ရက်အတွင်း နာမည်စာရင်းပေးသွင်းတဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်ရမှာဖြစ် တယ်လို့ သံရုံးကထုတ်ပြန်ပါတယ်။
နာမည်စာရင်းပေးသွင်းပြီးရင်တော့ ကျန်းမာရေးအာမခံနဲ့ကျန်းမာရေးစစ်ဆေးတာ၊အလုပ်လုပ်ကိုင်ခွင့် ပါမစ် လျှောက်တာ၊စာရွက်စာတမ်းစစ်ဆေးတာနဲ့အလုပ်ခွင့်ပြုချက်ဆောင်ရွက်တဲ့အဆင့်တွေအတွက် အချိန် ၄ လ ကျော်ကြာမှာပါ။
ဒါပြီးရင်တော့ ၂၀၂၆ ခုနှစ် မတ်လကုန်အထိ အလုပ်လုပ်ကိုင်ခွင့် တစ်နှစ်တာရရှိမှာ ဖြစ်ပါတယ်။
ဒီကတ်အတွက် ကုန်ကျစရိတ်က ဘတ်ငွေ ၇,၀၀၀ ကနေ ၁၂,၀၀၀ အထိ ပြင်ပအကျိုးဆောင်ဈေးကွက်မှာ ဈေးပေါက်နေတာဖြစ်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူတွေကတော့ ငွေကြေးလိမ်လည်မခံရအောင် ယုံကြည်စိတ်ချတဲ့ အကျိုးဆောင်တွေကို စုံစမ်းလုပ်ဆောင်ဖို့ သတိပေးနေကြပါတယ်။
#centralnewsnaypyitaw
