24 w - Translate

ဒေါနတောင်တက်လမ်း ‌အောက်ဗိုလ်တဲအနီး စားသုံးဆီတင်ဆောင်သည့် ၁၂ ဘီးယာဉ် တိမ်းမှေ-ာက်မှုဖြစ်ပွား

မြဝတီ-ကော့ကရိတ် ဒေါနတောင်တက်လမ်းပိုင်း အောက်ဗိုလ်တဲ့အနီး၌ ယနေ့ ဒီဇင်ဘာ (၁)ရက် နံနက် (၁၀)နာရီဝန်းကျင်အချိန်ခန့်တွင် စားသုံးဆီတင်ဆောင်သည့် ၁၂ ဘီးယာဉ်တစ်စီး လမ်းချော်၍ တိမ်းမှော-က်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ၁၂ ဘီးယာဉ်မှာ ပေ ၁၅၀ အနက်အထိ ကျသွားခဲ့ပြီးနောက် ချုံတစ်ခုပေါ်တွင်တင်နေခဲ့ကာ ယာဉ်မောင်းဖြစ်သူမှာ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့ကြောင်း မြေပြင်ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူ အလင်းသစ် လူမှုကယ်ဆယ်ရေးတာဝန်ခံ ကိုဇော်ဦးက ပြောသည်။

" ယာဉ်မောင်းကံကောင်းပါတယ်။ ဖြစ်တာကကော့ကရိတ်ဘက်ကိုအဆင်းမှာဖြစ်တာပေါ့။ ချောက်ကမ်းပါးကိုလည်းကျော်ပြီးသွားပြီး။ အောက်ဗိုလ်တဲမရောက်ခင် ရေတံခွန်မှာ လမ်းချော်ပြီးကျသွားတာ"ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် အဆိုပါ ၁၂ ဘီးယာဉ်အား ပြန်လည်ဆယ်ယူနိုင်ရန်ဆောင်ရွက်နေကြကြောင်း သိရသည်။

ပြီးခဲ့သော အောက်တိုဘာလအတွင်းကလည်း မြဝတီ - ကော့ကရိတ် ဒေါနတောင်လမ်းပိုင်းတွင် (၁၀)ဘီး ကုန်ကားတစ်စီး ပေ(၁၀၀)အနက်ရှိ ချောက်အတွင်းသို့ ကျသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးပြီး၊ ယာဉ်မောင်းဖြစ်သူ အသက်ဆုံးရှူံးခဲ့ရသည်။

image