24 w - Translate

သက်ဆိုင်ရာနိုင်ငံ၏ လေယာဉ်လက်မှတ်ပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမည်

ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် မိမိသွားရောက်မည့် နိုင်ငံ၏ လေယာဉ်လက်မှတ်ပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယခင်သတ်မှတ်ထားသည့် အချက်အလက်များအပြင် လေယာဉ်လက်မှတ်ကိုပါ တပါတည်းပြရမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အလုပ်အကိုင်အမျိုးအစား(PJ) နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဖြင့် OWIC ကတ်ရှိမှသာ ပြည်ပထွက်ခွာခွင့်ရရှိမည်ဖြစ်သည့်အတွက် OWIC ကတ်ကို မဖြစ်မနေလျှောက်ထားရန် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။

OWIC ကတ်လျှောက်ထားရာတွင်လည်း လူသစ်ဖြစ်ပါက နိုင်ငံကူးလက်မှတ်၊ သန်းခေါင်စာရင်း၊ အလုပ်ခေါ်စာ၊ အေဂျင်စီထောက်ခံချက်၊ စမတ်ကတ်တို့ပြရမည်ဖြစ်ပြီး ခွင့်ပြန်အလုပ်သမားများအနေဖြင့် မိသားစုဆီလွှဲပို့ငွေ၊အခွန်ဆောင်ထားသည့် အထောက်အထားနှင့် အလုပ်ခွင့်စာတို့လိုအပ်ကြောင်း သိရသည်။

image