နိုဝင်ဘာလ၃၀ရက်နိုင်ငံတကာသတင်းတိုများ
၁။အနောက်အုပ်စုကထောက်ပံ့ထားသောဆီးရီးယားအကြမ်းဖက်များကထိုးစစ်ဆင်လာသဖြင့်ဆီးရီးယားနိုင်ငံအစ်လစ်ဘ်ဒေသတွင်ရုရှားနှင့်ဆီးရီးယားတပ်များကလေကြောင်းမှတိုက်ခိုက်ရာအကြမ်းဖက်၄၀၀ကျော်သေဆုံးသည်။
၂။ယူကရိန်းသမ္မတဇလင်စကီးကဥရောပလုံခြုံရေးအတွက်ရုရှားနှင့်တိုက်ခိုက်နေရခြင်းဟုပြောသည်။
၃။ကုန်သွယ်ရေးစစ်မှရှောင်ရှားရန်ကနေဒါဝန်ကြီးချုပ်ထရူဒိုသည်ဖလော်ရီဒါရှိရွေးကောက်ခံသမ္မတထရမ့်၏မာအာလာဂိုစံအိမ်သိုလာရောက်ဆွေးနွေးသည်။
၄။ယူကရိန်းတွင်နောက်လာမည့်ရွေးကောက်ပွဲ၌သမ္မတဇလင်စကီးဝင်ရောက်ရွေးကောက်မခံရန်ပြည်သူ၆၀%ကဆန္ဒပြုကြောင်းစစ်တမ်းတစ်ခုကဖော်ပြသည်။
၅။ပြုံယမ်းသိုရောက်နေသောရုရှားကာကွယ်ရေးဝန်ကြီးအင်ဒရေဘယ်လူဆော့ဗ်အားမြောက်ကိုးရီးယားခေါင်းဆောင်ကင်ဂျုံအန်ကယူကရိန်းသည်အနောက်အုပ်စုပေးသောတာဝေးပစ်လက်နက်များဖြင့်ရုရှားနိုင်ငံအတွင်းပစ်ခတ်ခဲ့မှုအပေါ်လက်တုန့်ပြန်ရန်ရုရှားတွင်အခွင့်အရေးရှိသည်ဟုပြောလိုက်သည်။
၆။ဆီးရီးယားနိုင်ငံအလက်ပိုမြိုကိုအနောက်အုပ်စုကပံ့ပိုးထားသောအကြမ်းဖက်များတိုက်ခိုက်စဥ်ဆီးရီးယားဗိုလ်မှူးချုပ်တစ်ဦးနှင့်အီရန်ဗိုလ်ချုပ်တစ်ဦးသေဆုံးသည်။
NOM