24 w - Translate

ဗဟိုဘဏ်မှ တရုတ်ယွမ် (၁၀)သန်းရောင်းချပေးမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအား တရုတ်ယွမ် (၁၀)သန်း ရောင်းချပေးမည်ဖြစ်ကြောင်း နိုဝင်ဘာ (၂၉) ရက်တွင် ထုတ်ပြန်ထားသည်။

ဗဟိုဘဏ်အနေဖြင့် သွင်းကုန်လုပ်ငန်းရှင်များအဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေများကို ထုတ်ရောင်းပေးခဲ့ရာ ယခုနိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ (၉၄) သန်းကျော်၊ ထိုင်းဘတ် (၃၄၆) သန်းကျော်နှင့် တရုတ်ယွမ် (၁၃.၇၅) သ န်းကို ထုတ်ရောင်းပေးခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းများအဆမတန်မြင့်တက်ခဲ့ပြီးနောက်ပိုင်း ဗဟိုဘဏ်မှ ဈေးကွက်အတွင်း နိုင်ငံခြားငွေများကို ဆက်တိုက်ထုတ်ရောင်းပေးခဲ့ရာ ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၆) ရက်အထိ ဒေါ် လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁.၂၅၈) ဘီလီယံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်၏ (၇) လတာကာလအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ် လာ (၁)ဘီလီယံ ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ကြေညာချက်အရ အသိရသည်။

image