24 w - Translate

မေဆန်မောင့် အကောင်းဆုံးခြေစွမ်းပြန်ရမည်ဟု နည်းပြအာမိုရင်ယုံကြည်

ကွင်းလယ်ကစားသမားမေဆန်မောင့် အနေနဲ့ အကောင်းဆုံးခြေစွမ်းပြရမယ်လို့ ယုံကြည်ကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။

မေဆန်မောင့်ဟာ ၂၀၂၃ နွေရာသီက ချဲလ်ဆီးကနေ ပေါင် သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် မန်ယူအသင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတာပါ။

နည်းပြ အာမိုရင်ကတော့ မေဆန်မောင့်ဟာ လေ့ကျင့်ရေးကွင်းမှာပြင်းပြင်းထန်ထန်ကြိုးစားနေပြီး ဘိုဒိုဂလစ်နဲ့ ပွဲစဉ်မှာလည်း အကောင်းဆုံးစွမ်းဆောင်ရည်ပြသခဲ့ကြောင်း ချီးကျူးပါတယ်။ မေဆန်မောင့်ဟာ ပါရမီရှိတဲ့ ကစားသမားဆိုတာ ချဲလ်ဆီးအသင်းမှာ သက်သေပြခဲ့ပြီးသားဖြစ်ပြီး ဥရောပချန်ပီယံအသင်းသားတယောက်လည်းဖြစ်တယ်လို့ နည်းပြအာမိုရင်က ပြောသွားပါတယ်။
DVB
Photo: Reuters

image