ပြည်တွင်းမှထုတ်လုပ်သည့် တာယာများဖြင့် ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

နိုဝင်ဘာ ၃၀

ပြည်တွင်းမှ ထုတ်လုပ်သည့်တာယာများဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယမန်နေ့တွင် အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ တာယာစက်ရုံ(ရွာမ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံတွင် ဆိုင်ကယ်အစီးရေ ၅ သန်းခန့်ရှိပြီး ပြည်တွင်း တာယာလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးအမြတ်ကို အဓိကမထားဘဲ အရေအတွက်များများဖြင့် အရည်အသွေးပြည့်မီစွာ ရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းနေရသည့်အတွက် နိုင်ငံခြားငွေများ ကုန်ကျနေရသကဲ့သို့ ပြည်သူများအနေဖြင့်လည်း ဈေးနှုန်းကြီးမြင့်စွာဖြင့် ဝယ်ယူသုံးစွဲနေရကြောင်း၊ ထို့ကြောင့် ပြည်တွင်းမှ ထုတ်လုပ်သည့်တာယာများဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောသည်။

ဈေးကွက်လိုအပ်ချက်နှင့် ဈေးကွက်အတွင်း အသုံးများသည့် အမျိုးအစားများကို သိရှိအောင် ဆောင်ရွက်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက် တိုးမြှင့်ရရှိနိုင်ရေး ဈေးကွက်ရှာဖွေဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် လယ်ယာသုံးစက်ကိရိယာများတွင်အသုံးပြုသည့် တာယာများကိုလည်း ထုတ်လုပ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်း၌ အဆင့်မြင့်ရာဘာများ ထုတ်လုပ်နိုင်ရေးနှင့် ရာဘာထုတ်ကုန်ပစ္စည်းများတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မှာကြားသည်။

အဆိုပါ တာယာစက်ရု(ရွာမ)မှထုတ်လုပ်သည့် TRI STAR တာယာများကိုပြည်ပ နိုင်ငံများသို့ တင်ပို့ရလျက်ရှိပြီး အရည်အသွေးကောင်းမွန်ခိုင်ခံ့မှုများကြောင့်ပြည်ပဈေး ကွက်တွင် လူကြိုက်များသည့် တာယာအမျိုးအစား အဖြစ် ရပ်တည်လျက်ရှိကြောင်း၊ သုတေသနပြု ဆန်းစစ်ချက်များအရ ပြည်ပမှတင်သွင်းသည့် အခြားတာယာများထက် TRI STAR တာယာများသည် အရည်အသွေးကောင်းမွန်ခိုင်ခံ့မှုရှိသည့်အပြင် ဈေးနှုန်းမှန်ကန်စွာဖြင့်လည်း ပြည်တွင်း၌ ဝယ်ယူသုံးစွဲနိုင်ကြောင်း သိရသည်။

#centralnewsnaypyitaw

imageimage