24 ပတ် - ဘာသာပြန်ပါ။

ကြည့်မြင်တိုင် ဗဟို စံပြ ငါးစျေးမှာရှိတဲ့ ရေခဲကြိတ် စက်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့

နိုဝင်ဘာ ၃၀

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ဗဟို စံပြ ငါးစျေးမှာရှိတဲ့ ရေခဲကြိတ်စက်ရုံတစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။

မီးလောင်မှုဟာ နိုဝင်ဘာ ၃၀ ရက်နေ့က နံနက် ၆ နာရီ ခွဲလောက် ဖြစ်ပွားခဲ့တာဖြစ်ပြီး မြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ်တွေနဲ့ သွားရောက် မီးငြိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။

နံနက် ၆ နာရီ ၄၀ မိနစ်လောက်မှာတော့ မီးငြိမ်းသတ်နိုင်ခဲ့ပြီး မီးစတင်လောင်ကျွမ်းမှုနဲ့ ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို တော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

#centralnewsnaypyitaw

imageimage