မျှစ်နီအစပ်ကြော်
°°°°°°°°°°°°°°°
မျှစ်နီအမျှင်ခြစ်.............၂၀ကျပ်သား
ကြက်သွန်နီ................၂လုံး
ကြက်သွန်ဖြူ.. .............၅တက်
ငရုတ်သီးခွဲကြမ်း...........၂ဇွန်း
ဆား..........................သင့်ရုံ
ဟင်းခတ်မှုန့်.. ..............သင့်ရုံ
အမျှင်ခြစ်ထားတဲ့မျှစ်နီလေးတွေကိုတစ်ကြိမ်ပြန်ပြုတ်ပေးပါ။ရေအေးလောင်း၊ရေစစ်ထားပါ။
အမျှင်တွေသိပ်ကြီးနေရင်တော့အနည်းငယ်ပြန်ထောင်းပေးပါ။
ဆား၊ဟင်းခတ်မှုန့် ၊ကြက်သွန်ဖြူ ထောင်း၊
ငရုတ်ခွဲကြမ်းမှုန့်တွေထည့်ပြီးနယ်ပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီး
ပါးပါးလှီးထားတဲ့ကြက်သွန်နီကိုနနွင်းမှုန့်အနည်းငယ်နှင့်အတူဆီသတ်ပါ။
အနည်းငယ်မွှေးပြီးနွမ်းလာလျှင်အရသာနယ်ထားတဲ့မျှစ်တွေကိုထည့်ကြော်ပါ။
တစ်ခုသတိထားရမှာကမီးရှိန်အေးအေးမှာရေ
ခမ်းပြီးကျနေအောင်ကြော်ပေးဖို့လိုအပ်ပါတယ်။
သတ်သတ်လွတ်စားသုံးတဲ့သူတွေအတွက်
ထမင်းမြိန်စေမယ့်ဟင်းတစ်ခွက်ပါ။
