ယူကရိန်းနဲ့ အစ္စရေးကို စစ်ရေးအကူအညီထောက်ပံ့နေတဲ့အတွက် တရုတ်ကိုရင်ဆိုင်ရမယ့်စစ်ရေးအသင့်ဖြစ်မှု ကို ထိခိုက်နေကြောင်း အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးပြော
နိုဝင်ဘာ ၃၀
အမေရိကန်နိုင်ငံဟာ ယူကရိန်းနဲ့ အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေရတဲ့အတွက် တရုတ်ကို ရင်ဆိုင်ဖို့ဆောင်ရွက်ထားတဲ့ စစ်ရေးအသင့်ဖြစ်မှုကို စတင်ထိခိုက်နေပြီဖြစ်ကြောင်း အမေရိကန်ရေတပ်အဆင့် မြင့်အရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။
အမေရိကန်လက်နက်တိုက်ထဲက ခေတ်မီလက်နက်တွေကို ထောက်ပံ့ပေးနေတာဟာ အမေရိကန်ရဲ့ အဆင့် မြင့်ခေတ်မီလက်နက်တိုက်ကို ထိခိုက်နေကြောင်း အမေရိကန်ပညာရှင်အဖွဲ့ Brookings Institution ရဲ့ ဆွေး နွေးပွဲတစ်ခုမှာ မိန့်ခွန်းပြောကြားစဉ် အင်ဒို-ပစိဖိတ်ဒေသ ရေတပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဆယ်မြူ ရယ်ပါပရိုက ပြောကြားခဲ့တာဖြစ်ပါတယ်။
“တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံး အနာဂတ်ရန်သူဖြစ်တာကြောင့် အခုလို လက်နက်တွေ တခြားနိုင်ငံတွေကိုထောက်ပံ့နေတာဟာ အရေးအကြီးဆုံးစစ်နယ်ဝန်းဖြစ်တဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ တုံ့ပြန်ရ မယ့် အမေရိကန်ရဲ့ စစ်ရေးအသင့်ဖြစ်မှုကို ထိခိုက်စေပါတယ်။” လို့ ၎င်းက ပြောပါတယ်။
အစပိုင်းမှာ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသကို တင်ပို့ပေးနေတဲ့လက်နက်အများစုဟာ အမြောက်တွေနဲ့ တာ တိုပစ်လက်နက်စနစ်တွေဖြစ်တာကြောင့် အဲဒီကိုတင်ပို့နေတဲ့လက်နက်တွေနဲ့ပတ်သက်ပြီး ကနဦးမှာ စိုးရိမ်ပူပန် မှု မရှိခဲ့ကြောင်းလည်း ၎င်းက ပြောပါတယ်။
ဒါပေမဲ့ ဆက်လက်ထောက်ပံ့ပေးနေတဲ့ စစ်ရေးအကူအညီတွေထဲမှာ ပိုမိုခေတ်မီတဲ့လက်နက်တွေပါဝင်လာတဲ့ အတွက် လက်ရှိအချိန်မှာ အမေရိကန်လက်နက်တိုက်ထဲမှာ စစ်လက်နက်ပစ္စည်းတွေလျော့ပါးလာတာ မရိုးသား ဘူးလို့ထင်မြင်မိကြောင်း ၎င်းက ပြောပါတယ်။
အမေရိကန်က ယူကရိန်းကိုထောက်ပံ့နေတဲ့ စစ်လက်နက်တွေထဲမှာ ပက်ထရီယော့ဒုံးကျည်တွေနဲ့ HMARSL ဒုံးပစ်လောင်ချာတွေပါဝင်ပါတယ်။
အီရန်နိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်ရန်ကို ကာကွယ်ဖို့အတွက်လည်း ပင်တဂွန်စစ်ဌာနချုပ်ဟာ THAAD လေကြောင်း ရန်ကာကွယ်ရေးဒုံးကျည်စနစ်တစ်စုံကိုလည်း အစ္စရေးမှာ တပ်ဖြန့်ချထားပါတယ်။
ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး အနာဂတ်မှာ တရုတ်နိုင်ငံနဲ့ စစ်မက်ဖြစ်ပွားလာတဲ့အချိန်မှာ ပြင်ဆင်ထားဖို့ အ တွက် လက်နက်တိုက်တွေ တိုးချဲ့ထားဖို့နဲ့ လက်နက်တိုက်တွေထဲကို စစ်လက်နက်ပစ္စည်းတွေ ပြန်လည်ဖြည့် တင်းထားဖို့ အမေရိကန်စစ်တပ်ကို တိုက်တွန်းထားတဲ့ ဇူလိုင်လအတွင်းက ကွန်ဂရက်လွှတ်တော်ရဲ့ ဆန်းစစ် လေ့လာမှုတစ်ခုမှာ ဖော်ပြခဲ့တဲ့အတိုင်း ဗိုလ်ချုပ်ကြီးပါပရိုက ပြောကြားခဲ့တာဖြစ်ပါတယ်။
အမေရိကန်စစ်တပ်ဟာ တရုတ်/ရုရှား နှစ်နိုင်ငံစလုံးကို တပြိုင်တည်း ရင်ဆိုင်ဖို့ မဆိုထားနဲ့ တစ်နိုင်ငံချင်းနဲ့ စစ် မက်ဖြစ်ပွားဖို့တောင် စစ်ရေးပြင်ဆင်မှု အားနည်းနေကြောင်း စာမျက်နှာ ၁၁၄ မျက်နှာပါ အဆိုပါအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လက်ရှိ အမေရိကန်လက်နက်တိုက်တွေထဲမှာ ရှိနေတဲ့ လက်နက်ခဲယမ်းတွေနဲ့ အမေရိကန်နိုင်ငံဟာ စစ်ပွဲတစ်ပွဲ ကို တစ်လထက်ကျော်ပြီး တောင်ခံထားနိုင်လောက်အောင် တိုက်ခိုက်နိုင်စွမ်းရှိမှာမဟုတ်ကြောင်း အဆိုပါအစီ ရင်ခံစာမှာ သတိပေးထားပါတယ်။
Ref: US Admiral Admits Ukraine, Israel Military Aid Affecting Readiness for China
#သတင်းဟင်းလေးအိုးကြီး