ပဲ့ထိန်းဒုံးကျည် ကြားဖြတ်စနစ်သစ် တီထွင်အောင်မြင်ပြီလို့ တောင်ကိုရီးယား ကြေညာ
နိုဝင်ဘာ ၂၉
တောင်ကိုရီးယားဟာ ပဲ့ထိန်းဒုံးကျည် ကြားဖြတ်စနစ်သစ်ကို တီထွင်နိုင်ခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်ပြီး ဒီစနစ်ကို အိမ်နီးချင်းမြောက်ကိုရီးယားရဲ့ ဒုံးကျည်ခြိမ်းခြောက်မှု ကာကွယ်ဖို့ စနစ်သစ်တခုအနေနဲ့ ဖြန့်ကြက်သွားမယ်လို့ဆိုပါတယ်။
မြောက်ကိုရီးယားက တောင်ကိုရီးယားကို ရန်ဘက်နိုင်ငံအဖြစ် သတ်မှတ်ပြီး ပြန်လည်ပေါင်းစည်းရေး ရည်မှန်းချက်ဖျက်သိမ်းခဲ့ပြီး မကြာသေးမီကာလတွေမှာ နှစ်နိုင်ငံအကြားဆက်ဆံရေးတွေ တင်းမာနေခဲ့ပါတယ်။
မြေပြင်မှ ဝေဟင် တာဝေးပစ်ဒုံးကျည်စနစ်ဟာ အမြင့် ၂၅ မိုင်အတွင်းကနေ ဝင်ရောက်လာတဲ့ လေယာဉ်တွေ ပဲ့ထိန်းဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
LSAM ဒုံးကျည်စနစ်တွေဟာ မြေပြင်ပျက်စီးမှု အနည်းဆုံးဖြစ်အောင်၊ ရန်သူ့ဒုံးကျည်တွေကို အမြင့်ပေးမြင့်မြင့်မှာ ဖျက်ဆီးနိုင်တဲ့ နောက်ဆုံးပေါ်လက်နက်ဖြစ်ပြီး မိမိတို့ရဲ့ ကာကွယ်ရေးစွမ်းရည် ပိုမိုမြင့်တက်လာမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားဟာ လွန်ခဲ့တဲ့ငါးနှစ်ကတည်းက အကွာအဝေးအမျိုးမျိုး ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေကို စမ်းသပ်ခဲ့ပြီး နျူကလီးယားနဲ့ဒုံးကျည်အစီအစဉ်ကို အရှိန်မြှင့်ခဲ့ပါတယ်။ မကြာသေးမီကလည်း ဒရုန်းများ လေပိုင်နက်ချိုးဖောက်မှု၊ အမှိုက်မိုးပျံပူးပေါင်းများ လွှတ်တင်မှုနဲ့ ဝါဒဖြန့်စာများ ဖြန့်ဝေမှုတွေအပါအဝင် ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။
Ref:BBC
Photo:Getty Images
Credit - Voice of Myanmar News Agency
