၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၃၉၆၆ တွဲ ရောင်းချခဲ့

နိုဝင်ဘာ ၂၉

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပနေသည့် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက် ရတနာပြပွဲတွင် အုပ်စု(အေ၊ဘီနှင့်စီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၃၉၆၆ တွဲရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့တွင် ပြပွဲနဝမနေ့၌ ဖွင့်ဖောက်စစ်ဆေးထားသည့် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့် ရှိသော အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် (၄၀၆၀) မှ အတွဲအမှတ် (၄၈၀၀) အထိ ကျောက်စိမ်းအတွဲပေါင်း ၇၄၁ တွဲအနက် ကျောက်စိမ်းအတွဲပေါင်း ၇၁၄ တွဲကို ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ယခုကျင်းပသည့် ၂၀၂၄ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀ အနက်မှ ပုလဲအတွဲ ပေါင်း ၂၀၈ တွဲကိုလည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ အနက်မှ ကျောက်မျက်အတွဲပေါင်း ၆၂ တွဲကို လည်းကောင်း၊ အုပ်စု (အေနှင့် ဘီ ) တို့မှ ကျောက်စိမ်း အတွဲပေါင်း ၂၅၅၉ တွဲအနက်မှ ကျောက်စိမ်း အတွဲပေါင်း ၁၈၂၃ တွဲကိုလည်းကောင်း၊ အုပ်စု (စီ)မှ ကျောက်စိမ်းအတွဲပေါင်း၂၂၄၁ တွဲ အနက်မှ ကျောက်စိမ်း အတွဲပေါင်း ၂၁၄၃ တွဲကိုလည်းကောင်း ပြည်တွင်းပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနိုင်ခဲ့သည်။

#centralnewsnaypyitaw

image