24 w - Translate

ပင်လယ်စာရောင်းချသည့် ဆိုင်များမှ အဝယ်လိုက်နေခြင်းကြောင့် ပန်းခရုများ ပိုမိုတင်ပို့နိုင်ခဲ့

ရန်ကုန်ရှိ ပင်လယ်စာရောင်းချသည့်ဆိုင်များတွင် စားသုံးသူများလာခြင်းကြောင့် ဖျာပုံဒေသထွက် ပန်းခရုများကို ပိုမိုတင်ပို့ရောင်းချခဲ့ရကြောင်း ဖျာပုံမြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး လုပ်ကိုင်သူများ၏ ပြောပြချက်အရ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင် ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပန်းခရုပိဿာချိန် (၇၅၀၀၀) ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း စက်တင်ဘာလအတွင်းက ပန်းခရုပိဿာချိန် (၅၅၀၀၀) ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတွင် တင်ပို့ရောင်းချခဲ့သည့် ပန်းခရုများ၏ လတ်ဆက်မှုနှင့် သန့်ရှင်းမှုအပေါ်မူတည်ပြီး ဈေးနှုန်းအပြောင်းအလဲရှိကာ ပန်းခရု တစ်ပိဿာလျှင် ငွေကျပ် (၂၀၅၀၀) ထိ ပေါက်ဈေးရှိကြောင်း သိရသည်။

အဆိုပါ ဒေသမှ ပန်းခရုများအပြင် အခြားရေထွက်ကုန်များ တင်ပို့အားကောင်းလာသည့် အတွက် ရေလုပ်သားများ၊ တနိုင်တပိုင်အရောင်းအဝယ်လုပ်ငန်းရှင်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အခွင်းအလမ်းများ ပိုမိုကောင်းမွန်လာကြောင်း သိရသည်။

image