🍃 ရဲယိုရွက် ငါးဖယ်ဟင်း
************************
ရဲယိုရွက်တွေကိုလှီးပြီး ငါးဖယ်ထဲ တစ်ခါတည်း ထည့်နယ်လုံးပြီးမှ
ငါးဖယ် ကို လက်နဲ့ ဆုပ်ပြီးချက်ထားတာပါ။
ရဲယိုရွက်လေးတွေက ငါးဖယ်အတွင်းမှာရော ပါသလို
အိုးချခါနီးလည်း ရဲယိုရွက် အုပ်ထားတာပါ။

ငါးဖယ်ကို စေးပိုင်နေအောင်ပေါက်ထားပါမယ်။
ရဲယိုရွက်လေးတွေကို နုတ်နုတ်စင်းပြီးရင်
ငါးဖယ်ထဲထည့်
ဟင်းချိုမှုန့်, ဆားထည့်ပြီး သမအောင် နယ်၍
မိမိနှစ်သက်သလို လုံးထားပါ။

အိုးထဲဆီထည့် အပူပေးပါ။

ထောင်းထားတဲ့ ကြက်သွန်ဖြူ/ နီကို ဆီသတ်ပါ။

ရွလာခါနီးမှာ ငရုတ်သီး အစိမ်းမှုန့်ထည့်မွှေပါ။

​ဂျင်း ထောင်းထားတာ ထည့်မွှေပြီးပြီးချင်း ရေနွေးပူထည့်ပါ။

ဆူပွက်လာတဲ့ အခါကျမှ ငါးဖယ်လုံးများထည့်ပါ။

ဟင်းချိုမှုန့်, ငံပြာရည်ထည့်ပါ။

ဆီပျံလာခါနီးမှာ ငရုတ်သီးစိမ်းတောင့်များထည့်ပါ။

တစ်မိနစ်ခန့် ကြရင် ရဲယိုရွက်နုလေးများ ထည့်မွှေပြီးရင်
အိုးချ စားသုံးနိုင်ပါပြီ။

ပုံမှာ ပြထားတာ ငါးဖယ်လုံးလေးတွေ အုပ်သွားမှာစိုးလို့
ရဲယိုရွက် အနည်းငယ်သာ ပြထားပေမယ့်
အပြင်မှာတော့ ဆေးဖက်ဝက် ရဲယိုရွက်ကို
နိုင်းချင်းအုပ်ချက် ပြီး ရဲယိုရွက် အဝစားတာပါ။

ငါးဖယ်လုံးလေးများ နဲ့
ရဲယိုရွက်ဖပ်လေးတွေ, ငရုတ်သီးစိမ်းတောင့် စပ်စပ်လေးတွေနဲ့
အလွန်စားမြိန်စေတဲ့ ဟင်းတစ်ခွက်ပါ။

image