အိန္ဒိယ၌ ဆိုက်ကလုန်းဖန်ဂယ်ကြောင့် ကျောင်းနှင့်ကောလိပ်များပိတ်ထားရ
နူးဒေလီ၊နိုဝင်ဘာ ၂၇
အိန္ဒိယတောင်ပိုင်း တမီလ်နာဒူ၌ ဆိုက်ကလုန်းဖန်ဂယ်နီးကပ်လာမှုကြောင့် မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ကျောင်းများနှင့်ကောလိပ်များကို ပိတ်ထားရသည်ဟု အာဏာပိုင်များကပြောကြားခဲ့သည်။
တမီလ်နာဒူး၏ နေရာအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်းထားသည့်အတွက် ခရိုင်အများအပြားက ဗုဒ္ဓဟူးနေ့တွင်ကျောင်းများနှင့် ကောလိပ်များကို ပိတ်ပေးလိုက်ကြခြင်းဖြစ်သည်။
အိန္ဒိယတောင်ပိုင်း၊Cauvery မြစ်ဝကျွန်းပေါ်ဒေသတွင် ညလုံးေပါက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးစိုက်ခင်းများပျက်စီးခဲ့ကြောင်းသိရပြီး ဖန်ဂယ်သည်မုတ်သုံရာသီနောက်ပိုင်း အိန္ဒိယကမ်းရိုးတန်းသို့ ဒုတိယအကြိမ်ဝင်သည့် ဆိုက်ကလုန်းမုန်တိုင်းဖြစ်ပြီးပြီးခဲ့သည့်လကမူ ဆိုက်ကလုန်းဒါနာသည် အိန္ဒိယနိုင်ငံသြရိသပြည်နယ်သို့ ဝင်ရောက်ခဲ့သေးသည်။
ဖန်ဂယ်မဝင်ရောက်မီ အမိုးအကာများ၊လှေများ၊မြေကော်ကိရိယာများ၊သစ်ပင်ခုတ်ကိရိယာများနှင့် မီးစက်များကို အလုံအလောက် အဆင်သင့်ပြင်ဆင်ထားကြောင်း တာဝန်ရှိသူများကပြောကြားခဲ့ကြသည်။
