25 w - Translate

တာဝန်ယူလိုစိတ်ရှိတဲ့ ယောက်ျားတစ်ယောက်ဟာ
အများကြီးတွန်းအားပေးစရာမလိုဘူး။

ဂရုစိုက်ပေးပါဦးလား။ ကာကွယ်ပေးပါဦးလား။
ဖေးမပါဦးလားလို့ တောင်းဆိုနေစရာမလိုဘူး။

အဲ့ဒီ့အမျိုးသားက အကြောင်းအရာတိုင်းကို သူနဲ့ဆိုင်ပစ်လိုက်တာ။ ကိုယ့်ပြဿနာမှန်သမျှ သူ့ပြဿနာလုပ်ပစ်ပြီး ကိုယ့်အခက်အခဲမှန်သမျှဟာလဲ သူ့အခက်အခဲပါပဲတဲ့။

ကိုယ်မပျော်ရင် သူလဲ ပျော်စရာမရှိတာမို့ ကိုယ်ကတော့သေချာပေါက် ပျော်နေရမယ်ဆိုတဲ့သဘောထားအပြည့်ရှိတဲ့သူမျိုးပေါ့။

အဲ့ဒီ့နောက်မှာ သူဟာအရာရာကိုဦးဆောင်ချင်လာတာ၊အသေးအမွှားကအစ သူတာဝန်ယူချင်လာတာကိုတွေ့ရလိမ့်မယ်။

ဖိအားတွေမရှိဘူး။ တောင်းဆိုစရာတွေမရှိဘူး။
ပြည့်စုံခြင်းရဲ့ အလွန်မှာ အဆုံးရှုံးမခံချင်တာကလွဲရင် သံသယဝင်စရာမရှိတဲ့ချစ်ခြင်းအပြည့်နဲ့ ဆက်ဆံတတ်တဲ့ အမျိုးသားကမှ ကိုယ့်လူအစစ်ပဲ။

ပျော်ရမှ အချစ်ဖြစ်တယ်။
ပျော်အောင်ဖန်တီးခိုင်းရတာက
တောင်းဆိုမှုသက်သက်ပဲ။ အဲ့ဒါ ကိုယ့်လူမဟုတ်ဘူး။

တောင်းဆိုနေရတယ်ဆိုရင် သေချာပေါက်
ကိုယ့်အတွက်မဟုတ်တော့ဘူး။

🌻🤍
#hsulubeaindray

image