25 w - Translate

နေနိုင်ပြီဆိုတဲ့ နေ့ကစပြီး
ဒေစီပန်းတွေအများကြီး စိုက်မယ်.... တွေးထားတယ်။

တစ်ယောက်ယောက်က နေနိုင်သွားတဲ့အခါ
တစ်ယောက်ယောက်ဟာ အရာရာဆုံးရှုံးသွားတာ... ဆိုပါလား။

ကဗျာတွေစာတွေ စီရင်သာ
စကားလုံးတွေကညီတာမျိုးပါ.... ။

နေနိုင်သွားပြီ ဆိုတာလည်း ငါ....
အရာရာဆုံးရှုံးသွားခဲ့ပြန်တာလည်း ငါပါပဲ.... ။

ငါ့အတွေးနဲ့ ငါဝေးတယ်
ငါ့အဆွေးနဲ့ ငါတွေးတယ်
ငါ့ကိုယ်ငါပဲ အပြစ်ဖို့မယ်ကွယ်.... ။

ဒီလိုနဲ့ပဲ
ဒီတစ်နှစ်ကုန်ပြီးသွားလို့
နောက်တစ်မိုးရောက်မယ့်အခါ
ဒေစီတစ်စီးလောက်တော့ သူ့ဆီပို့မယ်.... ။

ဒေစီ.... ဆိုတာဟာ
မေတ္တာသက်ဝင်နေခဲ့သေးရင်တောင်
ဘယ်သောအခါမှ ဖွင့်ဟတောင်းဆိုတော့မှာမဟုတ်ကြောင်း
ဝန်ခံလိုက်ခြင်းရဲ့ သက်သေပဲမလားလေကွယ်.... ။

#ညတာရာလင်း

image