25 ပတ် - ဘာသာပြန်ပါ။

မစ်ဆူဘီရှီပြိုင်ပွဲဝင်ဖို့ ပဏာမမြန်မာ့လက်ရွေးစင်ကစားသမား (၃၀) ဦးစာရင်း MFF ထုတ်ပြန်

နိုဝင်ဘာ ၂၆

လာမည့်ဒီဇင်ဘာလအတွင်း ကျင်းပမည့် အာဆီယံမစ်ဆူဘီရှီဖလား ၂၀၂၄ ပြိုင်ပွဲအတွက် ပဏာမရွေးချယ်ထားသည့် မြန်မာ့လက်ရွေးစင်ကစားသမား(၃၀)ဦးစာရင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

အဆိုပါ စာရင်းအရ ရှမ်းယူနိုက်တက်အသင်းမှ ကစားသမား (၈) ဦးအထိ အများဆုံးပါဝင်နေပြီး လက်ရှိတွင် ကလပ်အသင်းပွဲစဉ်များကြောင့် လူမစုံသေးသော်လည်း လေ့ကျင့်ရေးအစီစဉ်များကို နိုဝင်ဘာ (၂၅)ရက်မှစတင်ကာ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းအနေဖြင့် မစ်ဆူဘီရှီဖလား အုပ်စု ပွဲစဉ်များ အဖြစ် အင်ဒိုနီးရှား၊ လာအို ၊ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် ယှဉ်ပြိူင်ကစားရမည် ဖြစ်ပြီး ဒီဇင်ဘာ ၉ ရက်နေ့တွင် အိမ်ကွင်းအဖြစ် သုဝဏ္ဏအားကစားကွင်း၌ အင်ဒိုနီးရှားအသင်းနှင့် ပွဲဦးထွက် ယှဥ်ပြိုင်ကစားရမည် ဖြစ်သည်။

အဆိုပါ မစ်ဆူဘီရှီဖလား ပွဲစဉ်များတွင် VAR စနစ်ကို ပြိုင်ပွဲဝင်နိုင်ငံများအားလုံး၏ အိမ်ကွင်းအဖြစ်သုံးမည့် ဘောလုံးကွင်းများ၌ အသုံးပြုမည်ဖြစ်ကြောင်း အာဆီယံ ဘောလုံးအဖွဲ့ချုပ် AFFက အတည်ပြုထားသဖြင့် မြန်မာအသင်း လက်ခံကစားမည့် သုဝဏ္ဏကွင်းသည်လည်း ပထမဆုံး VAR စနစ်ကို အသုံးပြုသည့် ကွင်းဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image