မြောက်ဥက္ကလာပမှာ ငွေကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိ
နိုဝင်ဘာ ၂၆
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ (စျ)ရပ်ကွက်၊ သုဓမ္မာလမ်းမှာရှိတဲ့ ကားဂိတ်မှာ ပါဆယ်ပစ္စည်း အတွင်း ကနေ ငွေကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိ ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၂၄ ရက်နေ့က ပါဆယ် ပစ္စည်းကို အမျိုးသမီး တစ်ဦးက လာရောက်ထုတ်ယူချိန် တာဝန်ရှိသူတွေက စစ်ဆေးရှာဖွေ ခဲ့ရာ အခုလို စိတ်ကြွဆေးပြား (၁၀၀,၀၀၀) ပြား (ကာလတန်ဖိုး ကျပ် ၁,၀၀၀)ကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ဖမ်းဆီးရမိသူကို မြောက်ဥက္ကလာပမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
သူနဲ့အတူ ဆက်စပ်သူတွေကို ဖမ်းဆီးရရှိဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ ဆက်လက်လုပ်ဆောင် နေတယ်လို့လည်း သိရပါတယ်။
#centralnewsnaypyitaw
