25 w - Translate

ရလဒ်ဆိုးရွားမှုကြောင့် နည်းပြ စတိကူပါးကို လက်စတာအသင်း ထုတ်ပယ်

လက်စတာအသင်းဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြစတိကူပါးကို ရာထူးကနေထုတ်ပယ်လိုက်ပါတယ်။

ချဲလ်ဆီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက်မှာ ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

နည်းပြကူပါးဟာ အခုနှစ်ရာသီအစကမှ နည်းပြ မာရက်စ်ကာရဲ့ နည်းပြချုပ်နေရာကို အစားထိုး တာဝန်ယူခဲ့တာပါ။

အသင်းနဲ့ ၁၅ ပွဲသာ ကိုင်တွယ်ခွင့်ရခဲ့ပြီး နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် လက်စတာအသင်းက စာချုပ်ဖျက်သိမ်းပြီး ထုတ်ပယ်ခဲ့တာပါ။

လက်စတာအသင်းဟာ နည်းပြ ဂရေဟမ်ပေါ်တာကို ခန့်အပ်ဖို့ ဆက်လက်ဆွေးနွေးနေပြီး လာမယ့် တပတ်မှာ ကစားရမယ့် ဘရန်ဖို့ဒ်နဲ့ ပွဲမတိုင်ခင် နည်းပြသစ်တယောက် အမြန်ဆုံးခန့်အပ်သွားမယ်လို့ သိရပါတယ်။
DVB

image