25 w - Translate

နောင်တော်ကြီး KIA EV9 ကို အပြိုင်ဖိုက်မယ့် Hyundai Ioniq 9

Three-row electric SUV ကားတွေထဲမှာ အတော်အသင့် အောင်မြင်မှု Kia EV9 လိုမျိုးပဲ Hyundai ကနေလည်း သူတို့ရဲ့ Ioniq 9 ကားသစ်ကို ချပြလိုက်ပါပြီ။ KIA ကားနည်းတူပဲ E-GMP electric platform ကို အခြေခံတည်ဆောက်ထားတာဖြစ်ပြီး နေရာလွတ်ခပ်များများ နဲ့ ခမ်းခမ်းနားနားပုံစံမျိုးကိုမှ Trim Level အကုန်လုံးမှာ range 300 miles ထပ်မနည်း ရရှိနိုင်မယ်လို့ဆိုပါတယ်။

Ioniq 9 က 110.3-kilowatt-hour (net) battery pack ကို အသုံးပြုပေးထားတာဖြစ်ပြီး Long Range model မှာ a single electric motor (rear wheels) ကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် Hyundai အနေနဲ့ dual-motor Long Range variant နဲ့ dual-motor Performance model တွေကိုလည်း ရရှိနိုင်ဦးမှာပါ။

Long Range single-motor model ရဲ့ စွမ်းဆောင်ရည်ပိုင်းမှာတော့ 215 horsepower နဲ့ 258 pound-feet torque ရှိပါတယ်။ dual-motor Long Range version မှာတော့ 310 hp နဲ့ 445 lb-ft ရှိပြီး Performance model မှာတော့ 430 hp နဲ့ 515 lb-ft ဖြင့် ရရှိနိုင်မှာပါ။ ဒါ့အပြင် Ioniq 9 က 60 miles per 4.9 seconds အထိ မောင်းနှင်နိုင်မယ့်အပြင် top speed ကတော့ 124 miles per hour အထိ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

အားသွင်းတဲ့ စနစ်မှာဆိုရင်လည်း 350-kilowatt-capable DC fast charger နဲ့အတူ 10 to 80% ကို 24 minutes ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Ioniq 9 ကားသစ်ရဲ့ maximum towing capacity က 5,000 pounds ရှိပါတယ်။

လက်ရှိမှာတော့ Ioniq 9 ရဲ့ ဈေးနှုန်းကို အတိအကျ ကြော်ငြာထားထားခြင်းမရှိသေးပေမယ် အရှေ့ကနောင်တော်ကြီးတွေလိုမျိုး စျေးကွက်ထဲမှာ နေရာယူလာနိုင်မလားဆိုတာတော့ အတူစောင့်ကြည့်လိုက်ရအောင်လား ….


#kia_ev9
#hyundai #ioniq9

image