ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ ပုံမှန်အဆက်မပြတ်ဝင်ရောက်လျက်ရှိသဖြင့် အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာသိုလှောင်ထားရှိ

နိုဝင်ဘာ ၂၃

ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ ပုံမှန်အဆက်မပြတ်ဝင်ရောက်လျက်ရှိသဖြင့် အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာသိုလှောင်ထားရှိနိုင်ပြီး နေ့စဉ်လုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ သိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ စီမံဆောင်ရွက်မှု၊ လိုအပ်သည့် စက်သုံးဆီဖိုး နိုင်ငံခြားသုံးငွေများကို အချိန်မီလုံလောက်စွာ ဝယ်ယူပေးချေနိုင်ရေး မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုတို့ကြောင့် ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ ပုံမှန်အဆက်မပြတ် ဝင်ရောက်လျက်ရှိသဖြင့် အရန်စက်သုံးဆီအပါအဝင် စက်သုံးဆီများကို ဖူလုံစွာသိုလှောင်ထားရှိနိုင်ပြီး နေ့စဉ်လုံလောက်စွာ ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ပြည်တွင်းရောင်းဈေးနှုန်းများ ဆက်တိုက်ကျဆင်း လျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image