ပုစွန်ချဉ်ပေါင်ကြော်အိအိလေးကြော်တယ်

ကြိုက်ကြလား စားချက်အဖွဲ့ကြီး
ချဉ်ပေါင်ကြော်နည်းလေးမေးထားလို့ တင်ပေးလိုက်ပါတယ်
လိုတာလေးတွေက
ကိုင်းချဉ်ပေါင်
မျှစ်
ပုစွန်
ပုစွန်ခြောက်မှုန့်
မျှင်ငါးပိ
ကြက်သွန်နီ
ကြက်သွန်ဖြူ
ငါးငံပြာရည်
အရသာမှုန့်
ဆနွင်း
အရောင်တင်မှုန့်
ငရုတ်ခွဲခြမ်းဖတ်
ငရုတ်သီးစိမ်းတို့လိုပါမယ်
#ကြက်သွန်နီ၊ဖြူကိုထောင်းပါ။ပုစွန်ကို ခေါင်းနဲ့အမှီးပဲ
ချွတ်ထားပါ။ချဉ်ပေါင်ကို ခြွေပြီးရေနဲ့နွမ်းအောင်ပြုတ်
ထားပါ။အရွက်တွေအကုန်နွမ်းရင် ရေပြန်စစ်ထားပါ။
ဆီများများထည့်ပါ။ဆီဆူရင် ထောင်းထားတဲ့ကြက်သွန်နီ
ကိုထည့်ပါ။ဆနွင်းမှုန့်ထည့်ပါ။ကြက်သွန်နွမ်းခါနီးမှ
အရောင်တင်မှုန့်နဲ့ငရုတ်ခွဲကြမ်းဖတ်ကိုထည့်ဆီသတ်ပါ
ငရုတ်နံ့ပျောက်ရင် ပုစွန်တွေထည့်လုံးပါ။လုံးရေကုန်ရင် ရေဆေးထားတဲ့မျှစ်ထည့်၊ငပိထည့်၊ပုစွန်ခြောက်မှုန့်၊
ငံပြာရည်၊အချိုမှုန့်ထည့်ပါ။ပုစွန်ကို ချက်အောင်ချက်ပြီး
မှ ပြုတ်ထားတဲ့ချဉ်ပေါင်ကို ထည့်မွှေပါ။အိအိလေးဖြစ်
ချင်ရင် ဆီပိုထည့်ပေးပါ။ခပ်ကြာကြာလေးမွှေပြီးမှ
ငရုတ်သီးစိမ်းအုပ် အပေါ့ငံလေးမြည်းကြည့်ပြီးချပါ
ချဉ်ပေါင်ကို ရေကုန်အောင်တော့မွှေပေးဖို့လိုပါမယ်
ဒါမှအထားခံပါမယ်။ဒါဆို စိုစိုလေးနဲ့အိအိလေးဖြစ်တဲ့
ချဉ်ပေါင်ကြော်လေးရပါပြီ။

အားလုံးပဲအဆင်ပြေကြပါစေ

image