(နိုဝင်ဘာ ၂ ရက်)မွန်းတည့်ချိန်အထိ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀) ခု၌ မိုးရွာသွန်းနိုင်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ နိုဝင်ဘာ ၁ ရက်ည ၇ နာရီထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ (နိုဝင်ဘာ ၂ ရက်)မွန်းတည့်ချိန်အထိမိုးရွာသွန်းနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်နေရာကွက်ကျားနှင့် တနင်္သာရီတိုင်းတွင် နေရာစိပ်စိပ်မိုးသည်းထန်စွာရွာသွန်းနိုင်ကာ ကျန် တိုင်းနှင့်ပြည်နယ်များ၌ တိမ်အသင့်အတင့်သာဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင်လည်း မိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိကြောင်း မိုးဇလ၏ထုတ်ပြန်ချက်အရ သိရသည်။

CRD - PNG

#သတင်းဟင်းလေးအိုးကြီး

imageimage