ထိုင်းနိုင်ငံရှိ စက်ရုံတွင်ပေါက်ကွဲမှုဖြစ် မြန်မာနိုင်ငံသား(၂)ဦးေ-သဆုံး
ထိုင်းနိုင်ငံ၊ ဘော့ထောင်မြို့ရှိ စက်ရုံတစ်ရုံတွင် ယနေ့ အောက်တိုဘာ ၂၆ ရက်နံနက် ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားကာ မြန်မာနိုင်ငံသား(၂)ဦးေ-သဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ(၁၂)ဦးရှိခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
ဘော့ထောင်မြို့ရှိ မြန်မာနိုင်ငံသားများအပါအဝင် အလုပ်သမား(၂၀၀)ဦးကျော်အလုပ်လုပ်ကိုင်နေသည့် ခဲ၊ သံ၊ သတ္တုထုတ်လုပ်သည့်စက်ရုံတွင် ဓာတုပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားတစ်ဦးမှာ အခင်းဖြစ်နေရာ၌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။
" ပေါက်ကွဲမှုဖြစ်စဉ်ကို အတိအကျသိအောင် ထိုင်းတာဝန်ရှိသူတွေကစစ်ဆေးနေတယ်။ အခင်းဖြစ်ဖြစ်ချင်းမှာ မြန်မာနိုင်ငံသားတစ်ယောက်ေ-သဆုံးခဲ့တယ်။ ဒဏ်ရာရတာက(၁၃) ယောက်ရှိတယ်"ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီပေးနေသူတစ်ဦးကပြောသည်။
ဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရသူများအား ကဘင်ဘုရီရွမ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ဒဏ်ရာရသူ(၁၃)ဦးထဲမှ မြန်မာနိုင်ငံသားတစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ်ထပ်မံေ-သဆုံးသွားသဖြင့် ဖြစ်စဉ်တွင် မြန်မာနိုင်ငံသား(၂)ဦးေ-သဆုံးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ေ-သဆုံးခဲ့သည့် မြန်မာနိုင်ငံသား(၂)ဦးအတွက် ရသင့်ရထိုင်သော နစ်နာကြေးများရရှိနိုင်ရန်နှင့်လိုအပ်သည့်အကူအညီများကို ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီပေးနေသူများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
