ငါးကျည်းအိုးကပ်ဆီပြန်
ငါးကျည်း...............၂၀ကျပ်သားခန့်
ခရမ်းချဉ်သီး...........၃လုံး
ကြက်သွန်နီ.. .........၁ခြမ်း
ကြက်သွန်ဖြူ..........၅တက်
ငရုတ်ခြောက်တောင့်...၅တောင့်
ငရုတ်သီးစိမ်း.. .....၅တောင့်
ပင်စိမ်း(သို့)ရှမ်းနံနံ....မိမိနှစ်သက်သလို
ငါးကျည်းလေးတွေကိုချေးထုတ်၊နှုတ်သီးဖြတ်ပြီးရေဆေးသန့်စင်ပါ။
ဆား၊ဟင်းခတ်မှုန့်၊နနွင်းမှုန့်အနည်းငယ်တို့
ဖြင့်အရသာနယ်ပြီးနှပ်ထားပါ။
ကြက်သွန်နီ ၊ဖြူ ၊ငရုတ်ခြောက်တောင့်တွေကိုညှက်အောင်ထောင်းပါ။
ခရမ်းချဉ်သီးကိုခပ်ကြမ်းကြမ်းစဉ်းပါ။ငရုတ်သီးစိမ်း၊
ရှမ်းနံနံ တို့ကိုပါးပါးလှီးပါ။
ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုဦးစွာဖြန့်ခင်း
ပြီးထောင်းထားသောအရောကိုဖြန့်ထည့်ပါ။
ခရမ်းချဉ်သီးနှင့်ငရုတ်သီးစိမ်းတို့ကိုလည်းပေါင်း
ထည့်ပါ။
ဒယ်အိုးပတ်လည်ကိုရေအနည်းငယ်လေး(ငရုတ်ဆုံ
ကျင်းထားသောရေ)ပတ်ထည့်ကာအဖုံးအုပ်ပြီးမီးအေး
အေးမှာချက်ပါ။
ရေခမ်းပြီးဆီသံကြားပြီဆိုမှအဖုံးဖွင့်ပြီးညင်သာစွာနှံ့အောင်မွှေပေးပါ။
အနှစ်ကျပြီဆို..အရသာနယ်ထားတဲ့ငါးတွေထည့်ကာ
နှံ့သွားအောင်နောက်တစ်ကြိမ်ထပ်မွှေပေးပါ။
အဖုံးအုပ်ထားပြီးရေခမ်းဆီပြန်သည်အထိဆက်ချက်ပါ။(ဒီလိုအချိန်မှာလုံးဝမမွှေပေးရပါဘူး)
ဆီပြန်လာလျှင်ရှမ်းနံနံ(သို့)ပင်စိမ်းရွက်အုပ်ပြီးဒယ်အိုး
ကိုစောင်းကာလှည့်ကာဖြင့်အိုးကပ်သည်အထိချက်ပေးပါ။
