ပေးရင်းနဲ့လည်း ဆုံးတတ်တယ်၊
ရင်းရင်းနဲ့လည်း ရှုံးတတ်တယ်။
ပြေးလိုက်ရင်းလည်း ဝေး တတ်တယ်၊
စွဲထားရင်းလည်း လွတ်တတ်တယ်။
ရယ်မောရင်းလည်း ငိုနိုင်တယ်၊
အနားတွေ့ရင်းလည်း ပျောက်နိုင်တယ်။
ပိုင်နေရင်းလည်း ငေးရတတ်တယ်၊
နီးကြရင်းလည်း လွဲတတ်တယ်။
ကိုက သူ့အခေါ်ကိုမျှော်..
သူကလည်း လူတစ်ယောက်အခေါ်ကိုမျှော်ကြရင်း
ကံတရားဟာ မျက်ရည်ကိုယ်ဆီနဲ့ လူတွဲမှားနေလေရဲ့။
#ရဲသူလွင် (အင်ပင်မြို့)
