ဒီရက်ပိုင်းတွေအတွင်းမှာ ဘဝထဲကို
တွေ့ဆုံမှု အသစ်တွေ အဝင်မခံတော့သလို
အတုအယောင်တွေကိုလည်း လျှော့ချပစ်လိုက်တယ်။
ကိုယ့်အပေါ် ရောင်ပြန်မဟပ်တဲ့
ချစ်ခြင်းမေတ္တာတွေကြောင့်
နာကျင်ခံစားမနေတော့ဘဲ အေးအေး
ချမ်းချမ်းပဲ စွန့်လွှတ်ခဲ့လိုက်တယ်။
တကယ်တမ်း ...
ကိုယ့်ဘဝကို စိစစ်လိုက်တော့ ဘာဆိုဘာမှမကျန်ခဲ့ဘဲ ကိုယ်ကိုယ်တိုင်ပဲ ကျန်ရစ်ခဲ့တယ်။
အထီးကျန်တယ်လို့ ခံစားရပေမယ့်
ဒါဟာ လက်ခံရမယ့် အမှန်တရားပဲ
မဟုတ်လား ...
ခံစားချက်တွေက ပျောက်ရှသွားသလိုမျိုး
ဘဝကြီးဟာ ဗလာဖြစ်သွားပေမယ့်
နာကျင်မှုရဲ့အဝေးမှာ ရှင်သန်နိုင်ဖို့
ဒီနည်းလမ်းကို ရွေးချယ်ခဲ့တယ်။
ကိုယ် အဆင်ပြေပါတယ် ......
Credit #mo ✍️
