ရန်ကုန် မြောက်ဥကာလာပမှာရှိတဲ့
တောအုပ်လေးထဲက နေရာလေး🍀
သစ်ပင်လေးတွေနဲ့စိမ်းစိမ်းစိုစိုရှိတဲ့ ဒီကော်ဖီဆိုင်ရောက်ဖူးကြပြီလား🍀
စာအရှည်ကြီးမရေးတော့ဘူးနော်
မရောက်ရရသေးရင်သွားထိုင်ကြည့်သင့်တဲ့ကော်ဖီဆိုင်လေးပါ🍀
ဒီဆိုင်လေးနာမည်က
Breeze Cafe☕️🍀
ကော်ဖီပဲသောက်လို့ကောင်းတာမဟုတ်ဘူးနော်ကော်ဖီဆိုင်လေးမှာလည်းပုံလှလှလေးရို.က်လို့ရတဲ့နေရာလည်းရှိတယ်နော်😍
☕️အရမ်းလှပြီးထိုင်လို့ကောင်းတဲ့ကော်ဖီဆိုင်
☕️Coffee ကောင်းကောင်းလဲ သောက်ချင်တယ် သဘာဝန်ဆန်ဆန်လဲ ဓာတ်ပုံရို.က်ချင်တယ် စိမ်းစိုလှပနေတဲ့ အပင်လေးတွေလည်းရှိတဲ့နေရာရာဖြစ်ရမယ်ဆိုတဲ့သူတွေအတွက်သင့်တော်တဲ့နေရာလေး🍀
coffee အမျိုးအစားလဲ စုံစုံလင်လင်ရတဲ့ဆိုင်လေးပါ ☕️
တခြားသောကော်ဖီဆိုင်နဲ့မတူတဲ့Vibes တွေခံစားရမှာပါ🍀
တခြားသောက်အစားသောက်လည်းရပါတယ်နော်😍
မြောက်ဥကာလာပမြို့နယ်
ခြံအမှတ် ၁၀၁၊
ကျောက်စိမ်းပတ်လမ်း (ရတနာကျွန်းရိပ်သာ)၊
သုနန္ဒာလမ်း ( ဘုရားကြီးဘက် )၊
မြောက်ဥက္ကလာပမြို့နယ်
Open Daily // 90am - 60pm
🍀Breeze Cafe " ကို YBS နဲ့လာမယ်ဆိုရင်
သုဓ္ဓမ္မာလမ်းမကြီးပေါ်က " သုနန္ဒာလမ်းဆုံမှတ်တိုင် " မှာဆင်းရပါမယ်
🚌" သုနန္ဒာလမ်းဆုံမှတ်တိုင် " ကိုတော့
YBS ( 19, 32, 35, 42, 64, 93, 115, 116, 119 ) တို့ရောက်ပါတယ်
🚌မှတ်တိုင်ကနေ ဘုရားကြီးရှိတဲ့ဘက်ကို လမ်းမကြီးအတိုင်းဝင်လာရင် " ချမ်းမြေ့ " ဆိုတဲ့ဆေးရုံရဲ့ အကျော်၊ ချောင်းလေးကိုကျော်တာနဲ့ ညာဖက်မှာဆိုရင် ဆိုင်ရဲ့လမ်းထိပ်ကိုရောက်ပါပြီ
🚌သတိပြုစရာအနေနဲ့ 64 ကိုစီးရင်ဝောာ့ သုဓ္ဓမ္မာ လို့ ရေးထားမှ " သုနန္ဒာမှတ်တိုင် " ကိုရောက်ပါလိမ့်မယ်
အော်ဒါနဲ့မေ့သွားလို့ မသွားတတ်ရင်ပြော လိုက်ပို့ပေးမယ်နော်😁
#popular Paoh Stars
