ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာတဲ့ ယူနိုက်တက်အကယ်ဒမီရဲ့အကောင်းဆုံးကစားသမားဂျေဂျေဂါဘရီရယ်

နိုဝင်ဘာ ၁၈

ဂျေဂျေဂါဘရီရယ်ဟာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာပြီးနောက် ယူနိုက်တက်အား နှုတ်ဆက်လာပါတယ်။

အသက် ၁၆ နှစ်ရှိ ပါရမီရှင်ဟာ စက်တင်ဘာလတုန်းက ယူနိုက်တက်မှ ထွက်ခွာပြီးနောက် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရန် သဘောတူညီမှု ရထားခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ ယူနိုက်တက်မှ ထွက်ခွာပြီးနောက် စပိန်တွင် အခြေချကာ တကိုယ်တည်းလေ့ကျင့်ခန်းဆင်းလာသူလည်း ဖြစ်ပါတယ်။

သူဟာ အသက် ၁၅ နှစ်အရွယ် ဩဂုတ်လတုန်းက စတော့ဟုမ်းတွင် အက်သလက်တီကိုနှင့် ခြေစမ်းပွဲတွင် ယူနိုက်တက်ပထမအသင်းအတွက် ပထမဆုံးပွဲ ကစားခွင့်ရခဲ့ပါတယ်။

သူဟာ ယခုရာသီတွင် ယူနိုက်တက်ပထမအသင်းအတွက် ပထမဆုံးပွဲ ကစားခွင့် ရရှိလာမယ်လို့ ယူဆခြင်းခံထားရပေမယ့်လည်း စက်တင်ဘာလတုန်းက ဆာဘာနှင့် Uefa Youth League ပွဲတွင် ဟက်ထရစ်သွင်းယူပြီးနောက် ယူနိုက်တက်သို့ ပြန်မလာခဲ့သူ ဖြစ်ပါတယ်။

ယူနိုက်တက်ဘက်က ဂါဘရီရယ်အား လူငယ်ကစားသမားအဖြစ် မှတ်ပုံတင်ထားဆဲ ဖြစ်ပေမယ့်လည်း ၎င်းမှာ မိခင်ဖြစ်သူမှာ ဆိုက်ပရပ်စ်နိုင်ငံသား ဖြစ်ရာ အီးယူပတ်စ်ပို့စ်ကိုင်ဆောင်ထားမှုနှင့်အတူ အခြားဥရောပကလပ်သို့ ပြောင်းရွှေ့မှုအား ယူနိုက်တက်ဘက်က တားဆီးနိုင်ခြင်း မရှိပါဘူး။

ဂါဘရီရယ်ဟာ အသက် ၁၅ နှစ်အရွယ်သာ ရှိပေမယ့် ပြီးခဲ့တဲ့နှစ် ပရီးမီးယားလိဂ်ယူ-၁၈ အကောင်းဆုံးကစားသမားဆုနှင့် ယူနိုက်တက်ယူ-၁၈ အကောင်းဆုံးကစားသမားဆုတို့ကို ရရှိခဲ့သူ ဖြစ်ပါတယ်။

၎င်းက "ချစ်လှစွာသော မန်ချက်စတာယူနိုက်တက်။ ၂၀၂၀ ခုနှစ်တုန်းက အသက် ၁၀ အရွယ်မှာ အိပ်မက်ကြီးတွေနဲ့ ရောက်လာခဲ့တယ်။ အိုးထရက်ဖို့ဒ်မှာ ဂိုးသွင်းပြီး ကစားသမားတစ်ဦးအနေနဲ့ရော လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ ကြီးပြင်းလာခဲ့သလို Jimmy Murphy [Under-18] လည်း ရခဲ့တယ်။ အမြဲတမ်းတန်ဖိုးထားရမယ့် အခိုက်အတန့်တွေ ပေးခဲ့တယ်။ နည်းပြတိုင်း၊ နည်းပြအဖွဲ့ဝင်တိုင်း၊ ကစားဖော်တိုင်း၊ ကျွန်တော့်ကို အားပေးခဲ့သူတိုင်းကို ကျွန်တော့်အပေါ် ယုံကြည်ပေးခဲ့တဲ့အတွက် ကောင်းမွန်လာဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ထပ်စာမျက်နှာတစ်ခု စတင်ပါပြီ။ ယူနိုက်တက်က ကျွန်တော့်ဇာတ်လမ်းမှ အစိတ်အပိုင်းတစ်ခု အမြဲရှိနေပါမယ်။ အားလုံးအတွက် ကျေးဇူးပါ ဂျေဂျေ"လို့ ရေးသားသွားပါတယ်။

ယူနိုက်တက်ဟာ ဂါဘရီရယ်မှာ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့လာမှုနှင့်အတူ ပြုစုပျိုးထောင်စရိတ် ပေါင် ၃၀၀၀၀၀ သာ ရရှိလာပါမယ်။

image