အမျိုးသမီးနည်းပြဆယ်ဗီယာတူယာကို ခန့်အပ်ကာ ယူနိုက်တက်သမိုင်းမှတ်တမ်းသစ် ရေးသားလာမယ့် ပိုချက်တီနို
နိုဝင်ဘာ ၁၈
ယူနိုက်တက်ဟာ ကလပ်သမိုင်းတွင် ပထမဆုံးအမျိုးသမီးနည်းပြအား ခန့်အပ်ကာ သမိုင်းသစ်ရေးသားလာတော့မှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကြားရက်အတွင်းတွင် နည်းပြသစ်အဖြစ် မူရီစီယိုပိုချက်တီနိုအား နည်းပြသစ်အဖြစ် ကြိုဆိုလာပါမယ်။
ယူနိုက်တက်ဟာ မိုက်ကယ်ကာရစ်နှင့် လမ်းခွဲလိုက်ပြီးနောက် အမေရိကန်နည်းပြပိုချက်တီနိုအား နည်းပြသစ်အဖြစ် ခန့်အပ်ထားပါတယ်။
ပိုချက်တီနိုဟာ နည်းပြအဖွဲ့နှင့်အတူ အိုးထရက်ဖို့ဒ်သို့ ရောက်လာမှာလည်း ဖြစ်ပါတယ်။
ပိုချက်တီနိုရဲ့ နည်းပြအဖွဲ့တွင် ကြံ့ခိုင်မှုနှင့် သန်စွမ်းမှုနည်းပြဆယ်ဗီယာတူယာလည်း ပါဝင်ပြီး ယူနိုက်တက်ပထမအသင်းတွင် ပထမဆုံးအမျိုးသမီးနည်းပြဖြစ်လာပါမယ်။
ယူနိုက်တက်ဟာ ထိပ်တန်းအထောက်အကူပြုကျွမ်းကျင်ပညာရှင်အဖြစ် အမျိုးသမီးတစ်ဦးဖြစ်တဲ့ အစ္စဘယ်လီဘရန်းကို ခန့်အပ်ထားပြီး ဖြစ်ပေမယ့် သူမက တူယာရဲ့အဆင့်မျိုး မဟုတ်ပါဘူး။
တူယာဟာ ကစားသမားများ၊ ပိုချက်တီနိုတို့နှင့် နေ့စဉ် အလုပ်လုပ်ကာ ပွဲနေ့များတွင်လည်း နည်းပြအဖွဲ့တွင် ပါဝင်အလုပ်လုပ်လာပါမယ်။
သူမဟာ အမေရိကန်စီနီယာအသင်းတွင်လည်း အလုပ်လုပ်ခဲ့ဖူးရာ ယူနိုက်တက်ပထမအသင်းနှင့် အလုပ်လုပ်ရမှုအပေါ် စိတ်လှုပ်ရှားနေမှာ မဟုတ်ပါဘူး။
တူယာဟာ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ပိုချက်တီနိုနှင့်အတူ ကာရင်တန်သို့ ရောက်လာကာ ယူနိုက်တက်ကစားသမားများနှင့် စတင်အလုပ်လုပ်လာပါမယ်။
သူမဟာ အင်္ဂလိပ်ဘာသာစကားအပြင် စပိန်နှင့် ကာတလန်ဘာသာစကားတို့ကိုလည်း ပြောဆိုနိုင်တဲ့အပြင် စွမ်းဆောင်ရည်မြင့်မားမှုဆိုင်ရာ သိပ္ပံပါရဂူဘွဲ့ ရရှိထားသူလည်း ဖြစ်ပါတယ်။
သူမဟာ ဘာစီလိုနာတက္ကသိုလ်နှင့် National Institute of Physical Education of Catalonia တို့တွင် ဆရာမအဖြစ် အလုပ်လုပ်ခဲ့ဖူးသလို ကတ်တလန်အခြေစိုက် FC Badalona မှာလည်း ကာလတို အလုပ်လုပ်ဖူးကာ အမျိုးသမီးအဆင့်မြင့်တန်းလိဂ် လီဂါအက်ဖ်မှာ ကျင်လည်ဖူးပါတယ်။
သူမဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပိုချက်တီနိုရဲ့ အမေရိကန်နည်းပြအဖွဲ့တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူမဟာ လီဗန်တေးအမျိုးသမီးတွင်လည်း အလုပ်လုပ်ခဲ့ကာ ကစားသမားများရဲ့ ကြံ့ခိုင်မှုပိုင်းပြင်ဆင်မှုကို ကူညီခဲ့ဖူးသလို ဘောလုံးအပြင် တင်းနစ်၊ ဘတ်စကက်ဘော၊ ရက်ဘီနှင့် သံမဏ်လူသားပြိုင်ပွဲတို့တွင်လည်း အလုပ်လုပ်ခဲ့ဖူးပါတယ်။
သူမဟာ ယူနိုက်တက်တွင် ပိုချက်တီနိုလက်အောက်မှာ ကြံ့ခိုင်ရေးနည်းပြဆီဘာစတီယန်နှင့် အလုပ်လုပ်လာပါမယ်။ ဆီဘာစတီယန်မှာ ပိုချက်တီနိုရဲ့သား ဖြစ်ပါတယ်။