အာဆင်နယ်နှင့်ပွဲတွင် ဒဏ်ရာရရှိပြီးနောက် ဘိုင်ယန်မြူးနစ်နှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်တဲ့ လူးဝစ်ဒီယာ့ဇ်

နိုဝင်ဘာ ၁၃

ဘိုင်ယန်မြူးနစ်ဟာ နိုင်ငံတကာပွဲစဉ်များအလွန်တွင် တိုက်စစ်အတွက် ရွေးချယ်စရာပိုမိုများပြားလာတော့မှာ ဖြစ်ပါတယ်။

ကိုလံဘီယာစတားလူးဝစ်ဒီယာ့ဇ်မှာ ရက်သတ္တပတ်အတန်ကြာ ဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် ဘိုင်ယန်မြူးနစ်ကစားဖော်များနှင့်အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းနိုင်ပြီလည်း ဖြစ်ပါတယ်။

တောင်အမေရိကတိုက်စစ်သမားဟာ အောက်တိုဘာလတုန်းက အာဆင်နယ်နှင့် ၂ ဂိုးစီသရေကျတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွင် ကြွက်သားဒဏ်ရာရရှိပြီးနောက် ဖရိုင်းဘတ်၊ ဒေါ့မွန်၊ မက်ဇ်တို့နှင့် ဘွန်ဒက်စ်လီဂါပွဲများအပြင် အက်သလက်တီကိုနှင့် ချန်ပီယံလိဂ်ပွဲ၊ မက်ဒီဘတ်နှင့် ဂျာမန်ပိုကယ်ဖလားပွဲတို့ကိုလည်း လွဲချော်ခဲ့ပါတယ်။

ကြာသပတေးနေ့ လေ့ကျင့်ခန်းအစီအစဉ်တွင် လူးဝစ်ဒီယာ့ဇ်အပြင် ဂျာမယ်မူစီယာလာနှင့် ဘာရာဆာပိုကိအန်ဒီယာယီတို့မှာလည်း ကြွက်သားဒဏ်ရာ၊ အူအတက်ဖြတ်ရမှုတို့မှ ပြန်လည်ကောင်းမွန်ကာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ကြပါတယ်။

ဒီယာ့ဇ်ဟာ ဒဏ်ရာကြောင့် အနားမယူရသေးမီ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲအရပ်ရပ် ၁၁ ပွဲကစားခဲ့ရာမှာ ၅ ဂိုးသွင်းပြီး ၁ ကြိမ် ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

မူစီယာလာမှာလည်း ယခုရာသီတွင် ၄ ပွဲကစားထားရာမှာ ၂ ဂိုးသွင်းပြီး ၁ကြိမ် ဖန်တီးထားနိုင်ပါတယ်။

လက်ရှိအချိန်တွင် ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါတွင် ဒေါ့မွန်နှင့် ၂၁ မှတ်တူ ဂိုးကွာခြားချက်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်ပြီး ချန်ပီယံလိဂ်တွင်လည်း ၄ ပွဲကစားပြီးချိန်တွင် ၈ မှတ်ဖြင့် အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။

image