3 ရက် - ဘာသာပြန်ပါ။

NSPNC နှင့် အရပ်ဘက်လူမှုအဖွဲအစည်းများမှ ကိုယ်စားလှယ်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး

နိုဝင်ဘာ ၁၀၊ ၂၀၂၆

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC) နှင့် အရပ်ဘက်လူမှုအဖွဲအစည်းများမှ ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၉ ရက်တွင် နေပြည်တော်ရှိ NSPNC ဗဟိုဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးမူဝါဒများ၊ မူဝါဒနှင့် မဟာဗျူဟာများအပြင် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

ထိုပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အရပ်ဘက်လူမှုအဖွဲအစည်းများ ပိုမိုပါဝင်လာနိုင်ရေးနှင့် ပါဝင်ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image