အစ္စရေးဝန်ကြီးချုပ်နှင့်ရုပ်ချင်းတူနေသဖြင့်ရောင်းအားကျနေသောအီရန်မုန့်ဆိုင်ပိုင်ရှင်
NOM
အီရန်နိုင်ငံက မုန့်ဆိုင်ပိုင်ရှင်တစ်ဦးဟာ အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့ အတော်လေး ရုပ်ချင်းဆင်တူတာကြောင့် လူအများရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။
သူရဲ့အမည်ရင်းက အန်ကယ်အလီ ဖြစ်ပေမဲ့ ဒေသခံတွေကတော့ ခုအခါ သူ့ကို ‘အလီယာဟု’ လို ခေါ်နေကြပါတယ်။ သူဟာ မူလက မုန့်တွေကို အေးအေးဆေးဆေး ရောင်းချခဲ့သူဖြစ်ပေမဲ့ ခုအခါ ဝယ်သူတွေဆီက စနောက်ကျီစယ်မှုတွေကို မကြာခဏ ကြုံတွေ့နေရတယ်လို သတင်းထောက်တွေကို ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ရုတ်တရက် ရေပန်းစားသွားတာဟာ သူရဲ့စီးပွားရေးကို ထိခိုက်စေခဲ့ပြီး သဘောထားတင်းမာတဲ့ အီရန်အများအပြားက သူရဲ့ဆိုင်ကို ရှောင်ကွင်းသွားကြတာကြောင့် အရောင်းအဝယ်တွေ ကျဆင်းသွားခဲ့တယ်လိုလည်း ပြောကြားခဲ့ပါတယ်။