အင်္ဂလန်မှ နုတ်ထွက်ရတဲ့ အကြောင်းရင်းစုံကို လူများ မသိသေးကြောင်း ဘင်ဝှိုက် ပြောကြားလာ
နိုဝင်ဘာ ၁၀
အာဆင်နယ်နောက်ခံလူဘင်ဝှိုက်က ယခင်တုန်းက အင်္ဂလန်အသင်းတွင် ရွေးချယ်ခံရန် ငြင်းပယ်ခံတဲ့ အကြောင်းရင်းစုံကို လူများ မသိသေးကြောင်း ပြောကြားလာပါတယ်။
ဒါပေမယ့် အာဆင်နယ်ညာနောက်ခံလူက ယင်းကဲ့သို့ အဖြစ်အပျက်မျိုး ထပ်မံ ကြုံလာပါကလည်း နောက်ထပ်တစ်ကြိမ် ယင်းကဲ့သို့ပင် ဆုံးဖြတ်လာမှာ ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။
ဘင်ဝှိုက်ဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အင်္ဂလန်အသင်းလေ့ကျင့်ရေးစခန်းမှ ထွက်ခွာခဲ့သူ ဖြစ်ပြီး ယင်းနောက် ဆောက်ဂိတ်လက်ထက် အင်္ဂလန်အတွက် ကစားရန် ငြင်းဆိုခဲ့ပါတယ်။
သူဟာ တူချယ်လက်အောက်တွင်တော့ အင်္ဂလန်အတွက် ပြန်လည်ကစားလာခဲ့ပြီး မတ်လတုန်းက ယူကရိန်းနှင့် ၁ ဂိုးစီသရေကျတဲ့ပွဲတွင် ပရိသတ်များရဲ့ လှောင်ပြောင်မှုများနှင့် ကြုံခဲ့ရပါတယ်။
ဘင်ဝှိုက်က "လူတွေက အကြောင်းရင်းစုံကို မသိကြပါဘူး။ ကျွန်တော်ကလည်း ဘာမျ မပြောခဲ့ဖူးဘူး။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော် ဘယ်သူ့ကိုမှ ဘတ်စ်ကားပေါ်မှာလည်းကောင်း ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ဒီလို ထားတာ အကောင်းဆုံးလို့ ထင်လို့ပါ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ယခုအခါ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘင်ဝှိုက်က ယင်းအခြေအနေမျိုး ထပ်မံ ကြုံတွေ့လာပါက အတွေ့အကြုံအရ ပိုကောင်းမွန်တဲ့ အခြေအနေမျိုးဖြင့် ကိင်တွယ်နိုင်မလားလို့လည်း မေးမြန်းခြင်းခံခဲ့ရပါတယ်။
ဘင်ဝှိုက်က "မထင်ပါဘူး။ အဲဒီတုန်းကတော့ ကျွန်တော် နည်းနည်းငယ်သေးတယ်။ အခု အသက် နည်းနည်းရလာပြီ။ ကျွန်တော်တို့ ဆိတ်ဆိတ်နေတတ်တဲ့သူပါ။ အကောင်းဆုံးဖြစ်နိုင်မယ့် ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီအတွက်လည်း မပျော်ရပါဘူး။ ဒါပေမယ့် ဖြစ်ပျက်သွားပြီလေ။ ဒါကို အတိတ်မှာ ချန်ထားခဲ့ရမယ့်အချိန် ရောက်လာပါပြီ"လို့ ပြောကြားသွားပါတယ်။
သောမတ်စ်တူချယ်ဦးဆောင်တဲ့ အင်္ဂလန်အသင်းဟာ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဝင်ဘာလေကွင်းမှာ ခရိုအေးရှားနှင့် ကစားရမှာ ဖြစ်ပြီး ပြီးလျှင် ၃ ရက်အကြာ မက်ဒရစ်တွင် ကမ္ဘာ့ဖလားချန်ပီယံ စပိန်နှင့် ရင်ဆိုင်ကစားရပါမယ်။
ဘင်ဝှိုက်ဟာ အင်္ဂလန်အတွက် ၆ ပွဲကစားထားသူ ဖြစ်ပြီး ယင်းပွဲများတွင် အရေးပါတဲ့နေရာမှ ကစားလာဖို့ ရှိပါတယ်။